Vietjet လေကြောင်းလိုင်းသည် ဟနွိုင်းမှ ဘာလီကျွန်း(အင်ဒိုနီးရှား)သို့ ပထမဆုံး ခရီးစဉ်သစ် စတင်ပြေးဆွဲ

Photo-1.jpg

ရန်ကုန်၊ ဇန်နဝါရီလ ၂၇ ရက် ၊ ၂၀၂၀ – ပျော်ရွှင်စရာ တရုတ်နှစ်သစ်အား ကြိုဆိုကျင်းပခြင်းအားဖြင့် Vietjet လေကြောင်းလိုင်းသည် ဟနွိုင်းမှ အင်ဒိုနီးရှားရှိ ဘာလီကျွန်းသို့ ပထမဆုံး တိုက်ရိုက်ပျံသန်းသော ခရီးသစ်အား နှစ်သစ်ကူးရုံးပိတ်ရက်၏ ဒုတိယနေ့တွင် စတင်ပြေးဆွဲခဲ့သည်။ ၂၀၁၉ ခုနှစ် မေလတွင် ဟိုချီမင်း မှ ဘာလီသို့ ပျံသန်းသောခရီးစဉ်နှင့်အတူ ယခုခရီးစဉ်အသစ်သည် ဗီယက်နမ်မှ အင်ဒိုနီးရှား၏ နာမည်ကြီးသော အပန်းဖြေနေရာသို့ ပျံသန်းသော ဒုတိယခရီးစဉ်ဖြစ်သည်။ ဟနွိုင်း – ဘာလီ အသွားအပြန်ခရီးစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ စတင်ပြီး နေ့စဉ်ပျံသန်းသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သော Vietjet ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌ Nguyen Thanh Ha က “Vietjet ကို ကောင်းကင်နှင့် ပျံသန်းဆက်သွယ်ရန် အဓိကတည်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဟနွိုင်းနဲ့ ဘာလီကြား ပထမဆုံး တိုက်ရိုက်ချိတ်ဆက် ပျံသန်းနိုင်တဲ့အတွက်ကျွန်တော်တို့ အရမ်းကိုဂုဏ်ယူမိပါတယ်။

နှစ်သစ်ကူးပြီး လဆန်းနှစ်ရက်နေ့မှာ စတင်ပျံသန်းတဲ့ ခရီးစဉ်သစ်က ပြည်တွင်းနှင့် ပြည်ပခရီးသွားဧည့်သည်များရဲ့ နှစ်သစ်ကူးခရီးသွားလိုအပ်ချက်များကို အချိန်တိုတိုနဲ့ ဈေးနှုန်းချိုသာစွာဖြင့် ဖြည့်ဆည်းပေးသွားမယ်။ အာရှတွင် ဆွဲဆောင်မှုအရှိဆုံး ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းနှစ်ခုကို ဆက်သွယ်ပေးရုံသာမက ဟနွိုင်း – ဘာလီခရီးစဉ်က အာဆီယံနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်လိမ့်မည်ဖြစ်ပါတယ်” ဟုပြောကြာသွားပါသည်။

ဗီယက်နမ်၏ မြို့တော်ဖြစ်သော ဟနွိုင်းသည် ၎င်း၏ကြွယ်ဝသောသမိုင်းများကြောင့် ကမ္ဘာ့ခရီးသွားများအတွက် အကောင်းဆုံး လည်ပတ်စရာနေရာဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကျော်က တည်ထောင်ခဲ့သည့် ဟနွိုင်းမြို့တော်သည် ထူးခြားသည့်ဗိသုကာနှင့် ကိုလိုနီယာ အဆောက်အအုံများဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် Saigon အဖြစ်လူသိများသော ဟိုချီမင်းမြို့တော်တွင် ထူးခြားဆန်းပြားသော အစားအစာများရှိပြီး ပြင်သစ်ကိုလိုနီခေတ် ဗိသုကာနှင့် ဟိုချီမင်းစီးတီးရှိ ဗီယက်နမ်စစ်ပွဲမှ သမိုင်းကြောင်းများလည်း လေ့လာနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံနှင့် အာရှတွင် ခရီးသွားဧည့်သည်များ အနှစ်သက်ဆုံးဖြစ်သော ဘာလီကျွန်းကို “နတ်ဘုရားများ၏ကျွန်း” “အပူပိုင်း နတ်ဘုံနတ်နန်း”ဟု နာမည်အမျိုးမျိုးဖြင့် တင်စားခေါ်ဆိုကြပါသည်။ ကမ္ဘာ့တစ်ဝှမ်းတွင် ခရီးသွား အများဆုံးသောကျွန်းအဖြစ် သတ်မှတ်ခံရသော ဘာလီကျွန်းသည် အံသြစရာကောင်းသော သဘာဝအလှတရားများကို ဒေသခံယဉ်ကျေးမှု၊ အနုပညာများ၊ ဘာသာရေးအနှစ်သာရများဖြင့် ပေါင်းစပ်ထားသော နေရာဖြစ်သည်။

မြန်မာခရီးသွားဧည့်သည်များအနေဖြင့် ခေတ်သစ်လေ ကြောင်းလိုင်းဖြစ်သော Vietjet ၏ ဈေးနှုန်း သင့်တင့်မျှတသော လက်မှတ်များဖြင့် ဗီယက်နမ်မြို့တော်ဟနွိုင်း မှတဆင့် ဘာလီကျွန်းသို့ သွားရောက်အပန်းဖြေရန် လက်မှတ်များ ဝယ်ယူကာ ခရီးစဉ်များကို စတင်စီစဉ်နိုင်ပြီ ဖြစ်ပါသည်။ လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါသည်။

အများကြိုက်နှစ်သက်သော လေကြောင်းလိုင်းဖြစ်သည့် Vietjet လေကြောင်းလိုင်းသည် “စိတ်ချလုံခြုံမှု၊ ပျော်ရွှင်မှု၊ သင့်တင့်မျှတသော လက်မှတ်ခနှုန်းထားမှု နှင့် အချိန်မှန်မှုများ” နှင့် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ၊ စုံလင်သော လက်မှတ်အမျိုးအစားများနှင့်အတူ Vietjet သည် ခရီးသည်များကို သက်တောင့်သက်သာရှိသော လေယာဉ် အသစ်ထိုင်ခုံများပေါ်တွင် အရသာကောင်းမွန်သော ပူပူနွေးနွေး အစားအသောက်များကို လေယာဉ်မောင်မယ်များက ရင်းနှီးဖော်ရွေ တက်ကြွစွာ ဝန်ဆောင်မှုပေးများသာမက အခြားလေကြောင်းခရီးသွား အတွေ့အကြုံ ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်ပေးလျက်ရှိသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top