အသုံးပြုသူ customer များ အခမဲ့ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး Telemedicine Campaign တွင် ပါဝင်ရန် အက်တမ် (ATOM) ကတိုက်တွန်း

4.5.24-yyl-5.jpg

● အက်တမ် (ATOM) သည် Trust Oo Co., Ltd နှင့်အတူပူးပေါင်းကာ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး ကမ်ပိန်းအစီအစဉ်တစ်ခု စတင်ခဲ့ပါသည်။

● (၅) လတာကြာမြင့်မည့် ယခုကမ်ပိန်းကာလအတွင်း မှန်ကန်တိကျသော ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများအတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို ရယူသည့် အက်တမ် (ATOM) အသုံးပြုသူ customer များကို မေတ္တာဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

● လစဉ် မဲနှိုက်ရွေးချယ်ပြီး ပေးအပ်သွားမည့် ဆုလက်ဆောင်များတွင် ကျန်းမာရေးဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများနှင့် မိသားစုကျန်းမာရေးအတွက် အသုံးဝင်မည့် ဆေးဝါးပစ္စည်းကိရိယာများပါဝင်သည့် ဆေးသေတ္တာဘူးများ စသည်တို့ ပါဝင်သည်။ ရွေးချယ်ခံရသော ကံထူးရှင် (၂) ဦးကို အထူးဆေးဝါးကုသမှု အထောက်အပံ့များ ‌ပေးအပ်သွားမှာဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးလျက်ရှိသည့် အက်တမ် (ATOM) သည် Trust Oo Co., Ltd. (Trust Oo) နှင့်လက်တွဲပူးပေါင်းပြီး အက်တမ် (ATOM) အသုံးပြုသူ customer များရရှိနိုင်မည့် အခမဲ့ အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ ကမ်ပိန်းတစ်ခုစတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးကြေညာအပ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Trust Oo Co., Ltd. နှင့်လက်တွဲပူးပေါင်းခဲ့ပြီး ထိုလက်တွဲပူးပေါင်းမှုမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် ‘၇၈၈၇’ သို့ ဖုန်းခေါ်ဆိုရုံဖြင့် (၂၄) နာရီ၊ (၇) ရက်ပတ်လုံး အကန့်အသတ်မရှိ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၃၀,၀၀၀ ကျော်အတွက် အခမဲ့ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကို ပေးအပ်သွားနိုင်ဖို့အတွက် မြန်မာငွေ ကျပ် ၁၁၆ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။

ယခုကမ်ပိန်းဆောင်ရွက်ချက်သည် တာဝန်သိ လူမှုအကျိုးပြု (Corporate Social Responsibility) အစီအစဉ်တစ်ခုဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းကဏ္ဍ၏ ဆောင်ရွက်ချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အလှမ်းဝေးသော လူမှုအသိုင်းအဝိုင်းများအတွက် ယခင်ကထက် ပို၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ လွယ်ကူစွာရရှိနိုင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM) အသုံးပြုသူ customer များသည် ၎င်းတို့၏ အက်တမ် (ATOM) ဖုန်းနံပါတ်ဖြင့် ‘၇၈၈၇’ ကိုနှိပ်ရုံဖြင့် Trust Oo မှ ကျန်းမာရေးဝန်ဆောင်မှုများကို တိုက်ရိုက်ချိတ်ဆက်ရယူနိုင်ပါသည်။

အက်တမ် (ATOM) နှင့် Trust Oo ပူးပေါင်း၍ ပေးအပ်လျက်ရှိသော အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုတွင် ရောဂါလက္ခဏာအခြေခံ တိုင်ပင်ဆွေးနွေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေး လူနေမှုပုံစံ၊ နှိုင်းယှဉ်ဝေဖန်မှုများမရှိသော ဆွေးနွေးအကြံပေးနားထောင်မှု၊ နေ့စဉ် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ၊ ဆေးရုံနှင့် ဆေးခန်း လမ်းညွှန်များအစရှိသည့် ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများစွာ ပါဝင်သည်။ ဆရာဝန်နှင့်လူနာကြားမှ ဆွေးနွေးမှု လျှို့ဝှက်ချက်ကို တင်းကြပ်စွာ စောင့်ထိန်းထားလျက်ရှိပြီး ဆေးမှတ်တမ်းများကိုလည်း Trust Oo မှ အပြည့်အဝကာကွယ်ထားသည်။

“အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေး ဆွေးနွေးဝန်ဆောင်မှုဆိုတာ လူသားအားလုံးကို ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအကြံဉာဏ်များ စောစောစီးစီး ရယူအောင် တိုက်တွန်းခွန်အားပေးတဲ့ ကိရိယာကောင်းတစ်ခုဖြစ်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်မယ့်အပြင် ကိုယ်စိတ်နှလုံးကျန်းမာပျော်ရွှင်ရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ ဆောင်ပုဒ်အောက်မှာ ကျွန်တော်တို့ အက်တမ် (ATOM) က လက်ရှိဆောင်ရွက်လျက်ရှိတဲ့ လူမှုအကျိုးပြုလုပ်ငန်းများရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုမျိုး (၂၄) နာရီ၊ ပိတ်ရက်မရှိ အခမဲ့ တယ်လီဖုန်းနဲ့ ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုများ ပေးအပ်ရတဲ့အတွက် ဂုဏ်ယူပီတိဖြစ်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အက်တမ် (ATOM) က Trust Oo နဲ့ပူးပေါင်းပြီး မြို့ပြနဲ့ ကျေးလက်ဒေသများကြားမှာရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး လက်လှမ်းမီမှု ကွာဟချက်ကို ပေါင်းကူးတံတားသဖွယ် လျော့နည်းအောင်ဆောင်ရွက်ပေးနေရင်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းများအားလုံး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အသုံးပြုသူ customer များအားလုံး အခုကျွန်တော်တို့ ပေးအပ်ထားတဲ့ အခမဲ့ ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို အသုံးပြုရင်း အားလုံးအတွက် အကျိုးရှိမယ့် ဒီကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က မျှဝေပြောကြားခဲ့သည်။

Telemedicine ကမ်ပိန်းအသေးစိတ်အကြောင်းအရာများနှင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များ

အက်တမ် (ATOM) နှင့် Trust Oo တို့ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၅) လကြာ ကမ်ပိန်းကို ပြုလုပ်သွားမည်ဖြစ်သည်။ ကမ်ပိန်းကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူ customer များသည် အွန်လိုင်းမှ တစ်ဆင့် အခမဲ့ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို ရယူအသုံးပြုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ မေတ္တာလက်ဆောင်များ ကံထူးနိုင်ရန်အတွက် ကမ်ပိန်းတွင် ဝင်ရောက်ပါဝင်နိုင်ပါသည်။

လစဉ်မေတ္တာဆုလက်ဆောင်များ

အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် ‘၇၈၈၇’ ကို ဖုန်းခေါ်ဆိုပြီး မှန်ကန်တိကျသော ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများကို တစ်မိနစ်ခန့်ရယူရုံဖြင့် လစဉ်မေတ္တာဆုလက်ဆောင်များကို ရရှိနိုင်သည့် အခွင့်အရေးရရှိသွားမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် Trust Oo သည် လတိုင်း ကံထူးရှင် (၁၁) ဦးကို မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပြီး (ကမ်ပိန်းကာလ ၅ လအတွင်း စုစုပေါင်း ကံထူးရှင် ၅၅ ဦး) ထိုကံထူးရှင်များသည် ကျန်းမာရေးဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများ၊ မိသားစုကျန်းမာရေးအတွက် Oximeter၊ သွေးပေါင်ချိန်စက်၊ အဖျားတိုင်း သာမိုမီတာ၊ ရှေးဦးသူနာပြုဆေးဝါးများနှင့် ပေါင်ချိန်စက်တို့ပါဝင်သည့် ဆေးသေတ္တာဘူးများစသည့် မေတ္တာဆုလက်ဆောင်များကို ရရှိသွားမည်ဖြစ်သည်။

အထူးဆေးဝါးကုသမှု အထောက်အပံ့များ

အက်တမ် (ATOM) အသုံးပြုသူ customers များအနေနှင့် ၎င်းတို့၏ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းကြုံတွေ့နေပါက ‘၇၈၈၇’ ကိုခေါ်ဆိုပြီး အထူးဆေးဝါးကုသမှု အထောက်အပံ့ရယူရန် အတွက် စာရင်းပေးသွင်းနိုင်ပါသည်။ ယခုအစီအစဉ်သည် ကမ်ပိန်းကာလအဆုံးတွင် အက်တမ် (ATOM) အသုံးပြုသူ customer (၂) ဦးအတွက် တစ်ကြိမ်စီ အထူးဆေးဝါးကုသမှု အထောက်အပံ့များ ပေးအပ်သွားမည့်အစီအစဉ်ဖြစ်ပါသည်။ ယခုအစီအစဉ်တွင်ပါဝင်လိုပါက အက်တမ် (ATOM) အသုံးပြုသူ customers များသည် ကမ်ပိန်းကာလအတွင်း မည်သည့်လတွင်မဆို ‘၇၈၈၇’ သို့ အနည်းဆုံး ဖုန်း (၃) ကြိမ်ခေါ်ဆိုရပြီး တစ်မိနစ်ကြာ အမှန်စင်စစ် ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှု ရယူရမည်ဖြစ်သည်။

ငွေရေးကြေးရေးခက်ခဲနေမှုနှင့် ဆေးခန်းပြရန်လိုအပ်သည့် အခြေအနေပေါ်တွင် မူတည်ပြီး အထူးဆေးဝါးကုသမှု အထောက်အပံ့ ရရှိနိုင်မည့်သူ (၂) ဦးကို ဂရုတစိုက် စီစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို မြန်မာငွေကျပ် သိန်း ၅၀ (ကိန်းဂဏန်းဖြင့် မြန်မာငွေကျပ် ၅,၀၀၀,၀၀၀) နှင့် ညီမျှသောဆေးကုသခွင့် ပေးအပ်သွားမည် ဖြစ်ပါသည်။

“လွန်ခဲ့တဲ့ (၂) နှစ်ကျော်က အက်တမ် (ATOM) နဲ့ Trust Oo တို့ ပူးပေါင်းပြီး မြန်မာ့လူမှုအသိုင်းအဝန်းအတွက် ကျွန်တော်တို့ရဲ့ ‘၇၈၈၇’ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုကနေတစ်ဆင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ဖုန်းကတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုကို ဘယ်လိုနေရာဒေသမျိုးမှာပဲ ရောက်နေပါစေ၊ ဘယ်လိုမျိုး စီးပွားရေးအတားအဆီးတွေ ရှိနေပါစေ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အခုလိုမျိုး အရေးပါတဲ့ ကျန်းမာရေးတိုင်ပင်ဆွေးနွေးချက်တွေကို Telemedicine ကနေ သေချာပေါက် ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) က အသုံးပြုသူ customer တွေကို ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေ အလွယ်တကူ ရယူဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးကို မြှင့်တင်နိုင်ဖို့သာမက ဆေးကုသမှုခံယူတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ငွေကြေးအခက်အခဲတွေနဲ့ပတ်သက်ပြီး ကူညီ‌ထောက်ပံ့ပေးတဲ့ ကျွန်တော်တို့ရဲ့ အခုကမ်ပိန်း အစီအစဉ်မှာ ပါဝင်ကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်” ဟု Trust Oo ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ စွမ်းဆောင်ဦး က ပြောကြားခဲ့သည်။

လစဉ်မဲနှိုက်ရွေးချယ်ထားသော ကံထူးရှင်များနှင့် အထူးဆေးဝါးကုသမှု အထောက်အပံ့ရရှိသူများကို အက်တမ် (ATOM) နှင့် Trust Oo Co., Ltd တို့၏ Facebook စာမျက်နှာများတွင် ကြေငြာပေးသွားမည်ဖြစ်ပြီး Trust Oo ကုမ္ပဏီမှလည်း တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်သည်။ ကမ်ပိန်းအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ယခုလင့်ခ်တွင် www.atom.com.mm/my/about/telemedicine ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top