ကိုယ်ခံပညာကို စတင်သင်ယူမည့်သူများ လိုက်နာရမည့် စည်းကမ်းချက် ၉ ခု

25-3-2020-yyl-013.jpg

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဟာ ယနေ့ခေတ်မှာ လူကြိုက်များထင်ရှားတဲ့ အားကစားနည်းတစ်ခု ဖြစ်လာပြီး လေ့လာသင်ယူချင် သူတွေ အများအပြားရှိပါတယ်။ ကိုယ်ခံပညာရပ်တစ်ခုကို လေ့လာသင်ယူတာဟာ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို အ ခြား အကျိုးကျေးဇူးတရားတွေလည်း ရရှိနိုင်တာကြောင့် စတင်လေ့လာ သင်ယူသူတွေအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်း ၉ ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ မိတ်ဆွေသူငယ်ချင်း များအောင်လုပ်ပါ

ကိုယ်ခံပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ အားကစားခန်းမကိုသွားပြီဆိုရင် သင့်အနေနဲ့ အချိန်အများကြီးပေးရမှာ သေချာပါတယ်။ အားကစားခန်းမမှာရှိနေတဲ့ လူတိုင်းနဲ့ သိကျွမ်းခြင်းက သင့်အတွက် အဓိပ္ပာယ်ပိုရှိပြီး သင်တန်းဆရာ၊ ဝန်ထမ်းတွေနဲ့ ကိုယ့်လို သင်တန်း လာတက်သူတွေကို စတင်မိတ်ဖွဲ့ပါ။ ကိုယ်တိုင်က သင်တန်းနည်းပြဆရာလည်းဖြစ်၊ ONE Championship စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း လည်းဖြစ်တဲ့ Alex “Little Rock” Silva ကလည်း သင်တန်းသားအချင်းချင်း အပြန်အလှန်ဆက်သွယ်မှုရှိဖို့ တိုက်တွန်းထားပါတယ်။

၂။ အချိန်လေးစားမှု ရှိပါစေ

သင်တန်းချိန်ကို အမြဲတမ်း မှန်အောင်သွားသင့်သလို စောပြီးသွားတာက ပိုလို့တောင် ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုရင် အချိန်နောက် ကျပြီးမှ ရောက်သွားတာက သင်တန်းဆရာနဲ့ အခြားသူတွေအပေါ် မလေးစားရာရောက်သလို အဖိုးထိုက်တန်လွန်းတဲ့ သင်ခန်းစာမိနစ် တွေကို ဆုံးရှုံးရနိုင်လို့ပါပဲ။

၃။ ဖိနပ်ချွတ်ပါ

အားကစားခန်းမပိုင်ရှင်တွေဟာ လေ့ကျင့်ရေးအောက်ခံအပြားတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ဖယ်ရှားချင်တာကြောင့် ရက်သတ္တပတ် တိုင်း သန့်ရှင်းရေးကို အကြိမ်အနည်းငယ် ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ခန်းမထဲ ဖိနပ်မချွတ်ဘဲ ဝင်လာမယ်ဆိုရင် ပိုး မွှားတွေကို သယ်ဆောင်လာသလိုဖြစ်လို့ အားကစားခန်းမထဲ မဝင်ခင် ဖိနပ်ချွတ်ဖို့က အရေးကြီးပါတယ်။

၄။ ပွင့်လင်းသောစိတ် ထားရှိပါ

သင့်အနေနဲ့ သင်တန်းချိန်အတွင်း သူငယ်ချင်းတစ်ယောက်နဲ့အတူ Kickboxing ပဲဖြစ်ဖြစ်၊ ဂျူဂျစ်ဆုပဲဖြစ်ဖြစ် အတူတွဲဖက် လေ့ကျင့်နေ ရမှာ သေချာပါတယ်။ သင်ခန်းစာတစ်ခုစီကို ပွင့်လင်းတဲ့စိတ်ထားနဲ့ ချဉ်းကပ်ပြီး နည်းပြဖြစ်သူရဲ့အကြံဉာဏ်ကို ဂရုထားရမှာဖြစ်သလို ကိုယ့်ရဲ့စွမ်းရည် တိုးတက်လာစေဖို့ သင်တန်းခန်းမအတွင်းက လူတွေရဲ့တုံ့ပြန်ချက်တွေကို လက်ခံရမှာဖြစ်ပါတယ်။

၅။ သန့်ရှင်းမှုကို လေ့ကျင့်ယူပါ

စိုစွတ်တဲ့ ခြေစွပ်တွေ၊ အနံ့အသက်ဆိုးတဲ့ ပတ်တီးတွေ ပတ်ထားတဲ့ လေ့ကျင့်ဖော်တွေနဲ့ အတူလေ့ကျင့်ရတာလောက် ဆိုးရွားတာမျိုး မရှိ နိုင်ပါဘူး။ သင့်ရဲ့ဝတ်စုံက အနံ့အသက် ကောင်းမကောင်း မဝတ်ခင် နမ်းရှုင့်သင့်ပြီး လေ့ကျင့်မှုပြီးသွားတဲ့အခါ ရေချိုးဖို့လိုအပ်ပါတယ်။ လေ့ကျင့်မှုမစခင် ရေချိုးတာက ပိုကောင်းပါတယ်။ ကိုယ်အသုံးပြုထားတဲ့ လက်အိတ်၊ ခြေစွပ်၊ ပတ်တီး စတာတွေကို အသုံးပြုပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဆေးကြောရမှာပါ။

၆။ ဒဏ်ရာရှိလျှင် သေချာစွာဖုံးအုပ်ပါ

တကယ်လို့ သင့်မှာ ထိခိုက်ဒဏ်ရာတွေရှိထားရင် ပတ်တီးစည်းတာ၊ ပလာစတာနဲ့ သေချာဖုံးအုပ်ထားတာတွေ လုပ်ပြီးမှသာ လေ့ကျင့်မှု ကို လုပ်ဆောင်သင့်ပါတယ်။ ခန်းမအတွင်း လူအမျိုးမျိုးရှိနိုင်တာကြောင့် အခြားသူဆီက ရောဂါပိုးတွေ သင့်ဆီ ကူးစက်လာမှာ မလိုချင်မှာ သေချာလို့ အနာရှိနေရင် သေချာဖုံးအုပ်ပြီးမှသာ လေ့ကျင့်သင့်ပါတယ်။

၇။ လက်သည်း ညှပ်ပါ

လက်သည်း၊ ခြေသည်းကို အရှည်ထားတတ်သူတွေနဲ့ လေ့ကျင့်ရတာလောက် ဘယ်အရာကမှ စိတ်အနှောင့်အယှက် မပေးနိုင်ပါဘူး။ ဒါ ကြောင့် လက်သည်း၊ ခြေသည်းတွေကို တိုတိုညှပ်ထားရမှာပါ။ မွေထိုင်းလေ့ကျင့်တဲ့အခါ လေ့ကျင့်ဖော်ရဲ့လည်ပင်းပတ်ဝန်းကျင်ကို သင့် လက်တွေက မကြာခဏဆိုသလို ရောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သင်က လက်သည်းညှပ်မထားဘူးဆိုရင် အတူလေ့ကျင့်ဖော်က ငြီး ငွေ့လာနိုင်သလို လက်သည်းကျိုးပြီး သင့်ကို နာကျင်စေပါလိမ့်မယ်။

၈။ အခြားသူများကို လေးစားစွာဆက်ဆံပါ

တစ်ဦးအပေါ်တစ်ဦး ခွဲခြားနှိမ့်ချမှုမရှိဘဲ ရိုသေလေးစားမှုအပြည့်နဲ့ လေးလေးစားစား ဆက်ဆံတာက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့အ မှတ်လက္ခဏာတစ်ခုပါ။ သင့်အနေနဲ့ လေ့ကျင့်မှု မစခင်မှာရော၊ လေ့ကျင့်မှုပြီးဆုံးသွားတဲ့ အချိန်မှာပါ ခန်းမအတွင်းက လူတွေကို လေး လေးစားစား ဆက်ဆံဖို့လိုပါတယ်။

၉။ လေ့ကျင့်ဖော်များကို မနာကျင်စေပါနှင့်

သင့်ရဲ့လေ့ကျင့်ဖော်တွေက သင်နဲ့လေ့ကျင့်တဲ့အခါ ကြိုးဝိုင်းထဲမှာ တကယ်ယှဉ်ပြိုင်နေသလို မလုပ်ချင်ကြပါဘူး။ အချို့သော လေ့ကျင့် ဖော်တွေက ပျော်ရွှင်စရာ ဒါမှမဟုတ် ကျန်းမာရေးကောင်းဖို့အတွက်သာ လေ့ကျင့်ဖော်အဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်တဲ့အခါ ပြိုင်ပွဲကြီးတစ်ခု ယှဉ်ပြိုင်နေသလို ပြုမူနေရင် ဘယ်သူကမှ သင့်ရဲ့လေ့ကျင့်ဖော်အဖြစ် ဆောင်ရွက်ပေးမှာ မဟုတ်ပါ ဘူး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top