အာရုံဖြန့်ပြီးအလုပ်လုပ်တာဟာ ဦးနှောက်ကိုထိခိုက်စေ

multitaskin-brain-1080x675.gif

ရုံးဝန်ထမ်းအားလုံးနီးပါးဟာ နေ့စဉ်လိုလို ကွန်ပျူတာနဲ့ အလုပ်တွေအများကြီး လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ အီးမေးလ်တွေ ပြန်ဖြေရတယ်၊ စာတွေ ပြန်ပို့ရတယ်၊ အင်တာနက်မှာ အများကြီး တစ်ပြိုင်တည်း ရှာဖွေပြီး လုပ်ဆောင်ရတယ် စသဖြင့် တစ်ချိန်တည်းမှာ

ဦးနှောက်က အများကြီး အလုပ်လုပ်ရပါတယ်။ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေအဆိုအရတော့ ကျွန်မတို့ရဲ့ဦးနှောက်ကို တစ်ချိန်တည်းမှာ အလုပ်တွေအများကြီး မခိုင်းသင့်ပါဘူး။ ကျွန်မတို့ဦးနှောက်ကို အများကြီး အလုပ်ခိုင်းလေလေ၊ ဦးနှောက်ကို ပျက်စီးစေလေလေ ဖြစ်ပါတယ်။

၁။ ရေရှည်ဦးနှောက် ထိခိုက်မှုကို ဖြစ်စေခြင်း

အထူးသဖြင့် မာလ်တီမီဒီယာအသုံးပြုမှုတွေ အကြာကြီးဖြစ်နေရင် ဦးနှောက်ကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို ကျဆင်းစေခြင်း

တာဝန်တွေအများကြီး လုပ်ဆောင်လာရတဲ့အခါ အလုပ်တွေဟာ ချောချောမွေ့မွေ့ ပြီးမြောက်သွားတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တော့ လိုအပ်ချက်လေးတွေ ရှိနေတတ်ပါတယ်။ ဥပမာ သင်ဟာ အရေးကြီးတဲ့အရာတစ်ခုကို လုပ်ဆောင်နေတဲ့အချိန် ဦးနှောက်က အလုပ်လုပ်နိုင်တဲ့ စွမ်းအင်တွေ ကျဆင်းနေတာမျိုးဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာ လူတွေရဲ့ဦးနှောက်ဟာ အချက်အလက် အနည်းငယ်ကိုသာ လက်ခံနိုင်ပါတယ်။

၃။ အာရုံစူးစိုက်နိုင်မှုကို လျော့ကျစေခြင်း

နောက်တစ်ချက်ကတော့ ဦးနှောက်ကို အာရုံစူးစိုက်မှု လျော့ကျစေပြီးတော့ တခြားအရာတွေဆီကို စိတ်ပျံ့လွင့်မှု ဖြစ်စေပါတယ်။ အင်တာနက် ကြည့်ရင်း ဆိုရှယ်မီဒီယာတွေ သုံးတာတွေလိုမျိုး၊ အီးမေးလ်တွေကို စစ်လိုက်တာမျိုးဟာ အာရုံစူးစိုက်နိုင်မှုကို လျော့ကျစေဖို့ လမ်းစဖြစ်ပါတယ်။

၄။ ထုံထိုင်းစေခြင်း

တစ်ပြိုင်တည်း အာရုံအမျိုးမျိုး ဖြန့်ကျက်ပြီး အလုပ်လုပ်တတ်တဲ့သူတွေဟာ သာမန်သူတွေထက် အိုင်ကျူကျဆင်းတတ်ပါတယ်။ ဥပမာ ကျောင်းစာလုပ်နေတဲ့အချိန် Facebook သုံးပြီး စာပို့နေတတ်တဲ့ ကျောင်းသားတွေဟာ အာရုံအမျိုးမျိုး ပြန့်နေတဲ့အတွက် ပိုပြီး အမှတ်နည်းတတ်ပါတယ်။

၅။ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကို ဖြစ်စေခြင်း

နောက်ထပ်ဆိုးကျိုးတစ်ချက်ကတော့ အာရုံများပြီး အလုပ်လုပ်တတ်တဲ့သူတွေမှာ စိတ်ဖိစီးမှုကိုတိုးစေတဲ့ ဟော်မုန်းဓာတ်တွေ တိုးလာတတ်ပါတယ်။ စိတ်ဖိစီးပြီး မောပန်းနွမ်းနယ်လာပြီဆိုရင် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာပါပြီ။

၆။ ဖန်တီးနိုင်စွမ်းကို လျော့ကျစေခြင်း

တစ်ချိန်တည်း အာရုံဖြန့်ကျက်ပြီး အလုပ်လုပ်တတ်တဲ့သူတွေဟာ ဖန်တီးနိုင်မှုနဲ့ အသစ်အဆန်းတွေကို တီထွင်နိုင်မှုတွေ လျော့ကျစေပါတယ်။ ဖန်တီးမှု အသစ်အဆန်းတွေဆိုတာ အာရုံစူးစိုက်နိုင်မှုကနေ ဖြစ်ပေါ်လာတာပါ။

၇။ ဆုံးဖြတ်ချက်တွေကို မှားယွင်းစေခြင်း

အာရုံတွေဖြန့်ပြီး အလုပ်လုပ်တတ်တဲ့သူတွေဟာ ဆုံးဖြတ်နိုင်မှုစွမ်းရည်ကိုလည်း ကျဆင်းလာတတ်ပါတယ်။

သင့်ဦးနှောက်ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အလုပ်တစ်ခုတည်းကို စိတ်ထဲထည့်ပြီးလုပ်ဖို့ လေ့ကျင့်ပေးပါ။ တစ်ချိန်တည်းမှာ တစ်ခုတည်းကို အာရုံစူးစိုက်ပြီး ဦးနှောက်ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ပေါ့ပေါ့ပါးပါးထားပြီးခါမှ နောက်တစ်ခုကို လုပ်ပါ။ အလုပ်ထဲမှာ စိတ်ရှုပ်ထွေးမှုကင်းချင်ရင်တော့ ဖုန်းတွေကို မမြင်နိုင်တဲ့နေရာမှာထားပါ။ တစ်ချိန်တည်းမှာ အာရုံအများကြီးထားပြီး အလုပ်လုပ်နိုင်တာက ကောင်းပေမဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေ၊ စွမ်းအင်တွေကတော့ ဘာတန်ဖိုးမှ မရှိနိုင်ပါဘူး။

Ref: www.newsrepublic.net“7 ways multitasking is killing your brain and productivity, according to neuroscientist”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top