လေဆိပ်က အိက်စ်ရေး (X-ray) စစ်ဆေးမှုမှာ သုံးတဲ့ဗန်းတွေဟာ အိမ်သာမှာထက် ရောဂါပိုးမွှားတွေ ပိုရှိနေ

41570838_2221157594769401_7013009384741535744_n.jpg

လေဆိပ်လုံခြုံရေးစစ်ဆေးမှုဆိုတာ သင့်ကို ကာကွယ်ဖို့အတွက် ရှိနေတာပါ။ ဒါပေမယ့် တစ်ခါတရံမှာ သင့်ကို ကျန်းမာရေးအရတော့

ဒုက္ခပေးတတ်ပါတယ်။ ကျွန်တော်တို့သိထားတာက ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ဘတ်စ်ကားပေါ်က ထိုင်ခုံတွေ၊ ATM စက်တွေ၊ ကိုယ့် တီဗွီရီမုတ်တွေမှာ ရောဂါပိုးတွေရှိတယ်လို့ပါ။ အခုတော့ လေဆိပ်က လုံခြုံရေးအတွက် အိက်စ်ရေးနဲ့စစ်ရာမှာ သုံးတဲ့ဗန်းတွေကိုပါ သတိထားရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ နော့တင်ဟမ်တက္ကသိုလ်နဲ့ ဖင်လန်နိုင်ငံ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးအဖွဲ့အစည်းကသိပ္ပံပညာရှင်များဟာ ၂၀၁၆ ဆောင်းရာသီမှာ ဟယ်လ်ဆင်ကီလေဆိပ် (Helsinki Airport) က လူတွေအထိအတွေ့အများဆုံးနေရာတွေကို ရောဂါပိုးမွှားပါရှိမှု စစ်ဆေးဖို့ နမူနာယူ စမ်းသပ်ဓာတ်ခွဲခဲ့ပါတယ်။ အဲဒီဓာတ်ခွဲစစ်ဆေးချက်အရ လေဆိပ်ရဲ့တခြားနေရာတွေမှာထက် X-ray စစ်ရာမှာ သုံးတဲ့ဗန်းတွေမှာ အအေးမိနှာစေးလည်ချောင်းနာမှုကိုအဓိကဖြစ်ပွားစေတဲ့ပိုး (rhino virus) နဲ့ တုပ်ကွေးဖြစ်စေတဲ့ပိုး ( influenza A virus) ကို အများဆုံး ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အံ့ဩဖို့ကောင်းတာကတော့ ဒီပိုးမွှားတေါကို လေဆိပ်အိမ်သာများမှာ လုံးဝမတွေ့ရှိရပဲ ဒီ ဗန်းတွေပေါ်မှာသာ တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ နေစဉ်ထိတွေ့နေရတဲ့အရာတိုင်းမှာ ရောဂါပိုးမွှားတွေရှိနေတာဖြစ်ပေမဲ့ လေကြောင်းပို့ဆောင်ရေးကတော့ တစ်ကမ္ဘာလုံးကို ရောဂါကူးစက်ပြန့်နှံမှု မြန်စေတဲ့ အကြောင်းရင်းထဲမှာပါဝင်ပါတယ်။ နော့တင်ဟမ် တက္ကသိုလ်က ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ပါမောက္ခ ဂျော်နသန်ဗန်တန်( Johnathan Van-Tam) ကတော့ “’ဒီလေ့လာတွေ့ရှိမှုဟာ တစ်ကမ္ဘာလုံးကို ရောဂါကူးစက်ပြန့်ပွားတာကို ထိန်းချုပ်မှုနဲ့ ဆောင်းရာသီမှာ အသက်ရှုလမ်းကြောင်းရောဂါတွေ ဘယ်လိုကူးစက်တတ်လဲ ဆိုတဲ့ အကြောင်းကို လူထုဆီပညာပေးတဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်” ဆိုတဲ့ အကြောင်းပြောကြားခဲ့ပါတယ်။

ရိုးရာလေးရဲ့ပရိသတ်တွေလည်း နောင်ကို လေဆိပ်သွားတဲ့အခါများမှာ အဲဒီဗန်းတွေထဲကို ကိုယ့်ပစ္စည်းတွေထည့်ပြီး အိက်စ်ရေးအစစ်ခံပြီးရင် လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောသင့်ကြောင်း သတိပေး မျှဝေလိုက်ရပါတယ်။

Ref: “Airport Security Trays Carry More Cold Germs Than Toilets, Study Finds”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top