လူတွေကို အချိန်မတိုင်မီ သေဆုံးစေနိုင်တဲ့ အလေ့အကျင့်ဆိုး (၆) ခု

middle-aged-woman-with-cancer-dying-PQAP5ES.jpg

ကျန်းမာရေးအရ မကောင်းလှတဲ့ အရာတွေက လူတွေအတွက် အကျင့်စွဲတစ်ခုလိုဖြစ်လာဖို့ အင်မတန်လွယ်ကူပါတယ်။ အသက်ကို ဥာဏ်စောင့် ဆိုတဲ့စကားအတိုင်းပါပဲ။ နေ့စဉ် လူမှု နေထိုင်မှုဘဝမှာ မိမိကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် သတိနဲ့ ဂရုတစိုက်ရှိပေးဖို့ အထူးလိုအပ်လာပါပြီ။

ကျန်းမာရေး သုတေသနတွေအရ တစ်နေကုန် ရုံးမှာထိုင်ပြီး အညောင်းမိလာတဲ့ ကိုယ်ခန္ဓာထိခိုက်မှုကို ညနေမှာ Gym မှာ သွားကစားပေးရုံနဲ့ မကာမိစေပါဘူးလို့ ဆိုထားပါတယ်။ တစ်နေ့တာမှာ အနည်းဆုံးတော့ အပေါ့စား ကိုယ်လက်လှုပ်ရှားပေးဖို့ လိုပါတယ်။

– အရက်သောက်ခြင်း

– နေ့စဉ်စားသုံးမှု အစာအာဟာရ မမျှတ၊ ချို့တဲ့ခြင်း

– ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

– ဆေးလိပ်သောက်ခြင်း

– တစ်ရက်ကို အနည်းဆုံး ၇နာရီလောက် ထိုင်နေရခြင်း

– တစ်နေ့ကို ကိုးနာရီထက်ပို၍ အိပ်စက်ခြင်း

ဒီအကျင့်စွဲတွေဟာ ပွင့်ပွင့်လင်းလင်းဆိုရရင်တော့ လူတွေအတွက် အမြန်ဆုံးနဲ့ အစောဆုံး သေဆုံးစေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေအဖြစ် ပြောလို့ရပါတယ်။ ဒီအကျင့်တွေထဲမှာမှ အထူးဆင်ခြင်စရာကတော့ ” ကြာရှည် အညောင်းမိခြင်းနဲ့ အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း ” နဲ့ ” ဆေးလိပ်နဲ့ အရက်ကို ပြိုင်တူသုံးစွဲခြင်း ” စတဲ့ အကျင့်စွဲတွေဟာ လူကို ပိုပြီး စောစောသေဆုံးစေပါလိမ့်မယ်။

ဒါဟာ လူဦးရေ နှစ်သိန်းသုံးသောင်းကို ကျန်းမာရေးအရ စစ်ဆေးလေ့လာခဲ့တဲ့ ရလဒ်တစ်ခုက အဖြေတွေပဲ ဖြစ်ပါတယ်။

Ref: “6 THINGS THAT WOULD MAKE YOU DIE QUICK”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top