ငတ်မွတ်မှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေကို ဖြေရှင်းရာမှာ အကူအညီပေးဖို့ ရာသီအလိုက်ဖျော်ရည်ဆိုင်ဖွင့်ထားတဲ့ ၉ နှစ်သားလေး

11.1.24-yyl-1.jpg

ဂျူလီယံလင်းဆိုတဲ့ အသက် ၉ နှစ်အရွယ် ကောင်လေးက ရွှေနှလုံးသားပိုင်ရှင်လေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် ငတ်မွတ်မှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုလို ပြဿနာတွေကို ဖြေရှင်းရာမှာ သူ့ရဲ့ရပ်ရွာကို ကူညီဖို့ မစ်ရှစ်အသေးစားလေးတစ်ခု လုပ်ဆောင်နေတာပါ။

သူဟာ နွေရာသီဆိုရင် ရှောက်ဖျော်ရည်ဆိုင်လေးဖွင့်ထားပြီး ဆောင်းရာသီဆိုရင် Hot chocolate ဆိုင်လေးအဖြစ် ပြောင်းလဲဖွင့်ထားပါတယ်။ သူက ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို သူ အနှစ်သက်ဆုံးပရဟိတအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ The Best Friends Animal Society အပါအဝင် ပရဟိတအဖွဲ့အစည်းတွေဆီ လှူဒါန်းပါတယ်။

ဂျူလီယံက သူ့ဝင်ငွေတွေထဲက ၁၀ ဒေါ်လာနဲ့ ၂၀ ဒေါ်လာတွေကို ထုတ်ပြီး ကျောင်းသွားကျောင်းပြန်ရာလမ်းတွေမှာ ရှိတဲ့ အိမ်ခြေရာမဲ့တွေကို ပေးလေ့ရှိပါတယ်။ မာဝီတောမီးလောင်တဲ့အချိန်တုန်းကလည်း သူ့ရဲ့ဖျော်ရည်ဆိုင်လေးနဲ့ ဒေါ်လာ ၁၁၀၀၀ ကျော် ရှာခဲ့ပြီး အဲဒီထဲကတချို့ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီက အပန်းဖြေခရီးထွက်စဉ် တွေ့ဆုံခဲ့တဲ့ သူ့သူငယ်ချင်း (တောမီးဒဏ်သင့်ခံခဲ့ရ) ဆီ ပေးခဲ့ပါတယ်။

ဂျူလီယံရဲ့အနိ္တမရည်မှန်းချက်က စီးပွားရေးလုပ်ငန်းလည်ပတ်ခြင်းဖြင့် လူနဲ့တိရစ္ဆာန်တွေအတွက် ကမ္ဘာ့ငတ်မွတ်မှုနဲ့ အိမ်ရာမဲ့မှုအားလုံးကို အဆုံးသတ်ဖို့ပါပဲ။

Ref: 9-year-old serves up seasonal drinks to combat hunger, homelessness

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top