သူ့ထက်အသက် ၁ နှစ်ကြီးတဲ့သူကို သားမက်တော်ထားရတဲ့ ဟောင်ကောင်မင်းသားကြီး ဆန်းရှင်း

12.1.24-yyl-2.jpg

တစ်ခေတ်တစ်ခါက ပရိသတ်တွေကြား‌ ရေပန်းစားခဲ့တဲ့ တရုတ်သိုင်းကားတွေကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ ဟောင်ကောင်မင်းသားကြီး ဆန်းရှင်းကို သိကြမှာပါ။ သူဟာ ဟောင်ကောင်မှာ သရုပ်ဆောင်အလုပ်စတင်လုပ်ကိုင်ပြီးနောက် ၉၀ ပြည့်နှစ်မှာ ထိုင်ဝမ်ကို ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ မြန်မာပရိသတ်တွေ သိကြတဲ့ “သိုင်းလောကမုန်တိုင်း” လို့ နာမည်ကြီးတရုတ်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာ သူဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ လက်ဝယ်တွေ့ရှိမှုကြောင့် ပေကျင်းမှာ ဖမ်းဆီးခံခဲ့ရတော့ သူ့ရဲ့ပုံရိပ်ထိခိုက်ခဲ့ပြီး တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပါတယ်။ အခု အသက် ၆၀ ရှိပြီဖြစ်တဲ့ ဆန်းရှင်းက အနုပညာအလုပ်တွေပြန်လုပ်တော့မယ့်ပုံပါပဲ။ မကြာသေးခင်က ထိုင်ဝမ်မီဒီယာနဲ့ တွေ့ဆုံခဲ့ပြီး သူနဲ့သူ့မိသားစုအကြောင်း မျှဝေခဲ့ပါတယ်။

သူ့မှာ ဇနီးဟောင်း မလေးရှားမင်းသမီး Lam Mei Ching နဲ့ ရခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆန်းဟမ်း ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ ပထမအိမ်ထောင်နဲ့လည်း သားတစ်ယောက်၊ သမီးတစ်ယောက်ရခဲ့ပါတယ်။ ပထမအိမ်ထောင်နဲ့ရခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် သမီးဖြစ်သူက အသက် ၆၁ နှစ်အရွယ်အမျိုးသားကို ယူထားတာပါ။

ဆန်းရှင်းထက် အသက် ၁ နှစ်ကြီးပါတယ်။ သူ့ထက် အသက် ၁ နှစ်ကြီးတဲ့ သားမက်ဖြစ်သူနဲ့ ပထမဆုံးတွေ့ဆုံဖြစ်ခဲ့တဲ့အကြောင်းက သူ ထုတ်ပြောပြခဲ့ပါတယ်။ သူတို့မတွေ့ဆုံခင် သမီးဖြစ်သူက သူ့ခင်ပွန်းဟာ သူ့ကို လေဆိပ်လာကြိုမယ်လို့ပဲ ပြောခဲ့တာပါ။ သူက သားမက်ဖြစ်သူနဲ့ စတွေ့တော့ သူ လုပ်လိုက်မိတာက “ဦးလေး….မင်္ဂလာပါ” လို့ နှုတ်ဆက်မိခဲ့တာပါ။

သူ့ထက် ၁ နှစ်ကြီးတယ်ဆိုတာကို နောက်မှသိခဲ့ရပါတယ်။ သူသိတော့ ထိတ်လန့်ခဲ့ပေမဲ့ သူ့အတွက် အခုလိုဆက်ဆံရေးက ပြဿနာမဟုတ်ပါဘူး။ သူ့အတွက်သူ့သမီးပျော်ရွှင်ဖို့ပဲ အရေးကြီးတာပါတဲ့။
“ငါ့သမီးကို ပိုချစ်မလား ဒါမှမဟုတ် မင်းရဲ့အမေတောင် မမှတ်မိလောက်အောင် ဆိုးရွားစွာ ရိုက်နှက်ခံမလား”လို့ သားမက်ဖြစ်သူကို စနောက်ပြီးတော့တောင် သတိပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

Ref: HK Actor Sun Xing, 60, Called His 61-Year-Old Son-In-Law ‘Uncle’ When They First Met

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top