ခြင်္သေ့တစ်ကောင်ကို ဘာလက်နက်မှမပါဘဲ လက်ဗလာနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့အမျိုးသား

ru1.jpg

ကော်လိုရာဒိုပြည်နယ်က အပြေးသမားတစ်ယောက်ဟာ Horsetooth တောင်ခြေမှာ ခြင်္သေ့တစ်ကောင်ကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။

အမည်မဖော်လိုသူအမျိုးသားဟာ ဒန်းဗာမြို့ (Denver) ရဲ့ အနောက်မြောက်ဘက် ၆၆မိုင်ခန့်အကွာ တောင်တွေနဲ့ဝန်းရံထားတဲ့ပန်းခြံတစ်ခုမှာ အပြေးလေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ ဒီပန်းခြံမှာရှိနေတဲ့ ခြင်္သေ့တစ်ကောင်ဟာ အမျိုးသားရဲ့အနောက်ကနေ အလစ်တိုက်ခိုက်ခဲ့ပြီး ဒီအမျိုးသားရဲ့မျက်နှာ၊ နောက်ကျော၊ ခြေထောက်၊ လက်မောင်းတွေကို အကိုက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အကိုက်ခံနေရစဉ်မှာ အမျိုးသားဟာ ဘာလက်နက်မှမပါဘဲ လက်ဗလာနဲ့ပဲ ခြင်္သေ့ရဲ့လည်ပင်းကိုညှစ်နိုင်ခဲ့ပါတယ်။ ဒီအချက်ကလွဲလို့ နောက်ထပ်ဘယ်လိုခုခံတိုက်ခိုက်ခဲ့ပြီး သတ်ပစ်ခဲ့လဲဆိုတာကိုတော့ အသေးစိတ်ပြောပြထားခြင်းမရှိပါဘူး။

တိရစ္ဆာန်က ခွန်အားမကြီးသေးတဲ့ခြင်္သေ့ငယ်တစ်ကောင် ဖြစ်တဲ့အတွက် ဒီအမျိုးသားဟာ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးများခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ အရွယ်ရောက်ပြီးသားခြင်္သေ့အထီးတွေက ပေါင်ချိန် ၁၁၀ နဲ့ ၁၈၀ကြား အလေးချိန်ရှိနိုင်ပါတယ်။ ခြင်္သေ့ငယ်တစ်ကောင်ဟာ အမျိုးသမီးတွေရဲ့ကိုယ်အလေးချိန် ၈၀ ကနေ ၁၃၀အထိလောက်ပဲလေးတယ်လို့ခန့်မှန်းရပါတယ်။ ခြင်္သေ့က အထီးလား အမလားဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

အပြေးသမားကတော့ ပြည်နယ်ဆေးရုံတစ်ခုကို သူကိုယ်တိုင်သွားတက်ရောက်နိုင်ခဲ့ပါတယ်။ သူရဲ့ဒဏ်ရာတွေက ပြင်းထန်ပေမဲ့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရှိရပါတယ်။

လူတစ်ယောက်ဟာ ဘဝမှာ အရေးအကြောင်းတစ်ခုခု၊ အန္တရာယ်တစ်ခုခုကြုံတွေ့ခဲ့သည်ရှိသော် သူရဲဘာကြောင်တဲ့စိတ်နဲ့ ဘာမှကြိုးစားခြင်းမရှိဘဲ လက်လျှော့အရှုံးပေးခြင်းထက် ဒီအမျိုးသားလိုပဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်တိုက်ခိုက်သင့်တယ်ဆိုတဲ့အချက်ကို ဒီအကြောင်းအရာကနေ စံနမူနာယူနိုင်ပါတယ်။

Ref: Colorado jogger kills a mountain lion with his BARE HANDS after it attacked him on a running trail and bit on the face, back, legs and arms
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top