အသက် ၇၃ နှစ်အရွယ် အဘွားအိုက အမြွှာရင်သွေးမွေးဖွား

yyl-033-1.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၇၃)နှစ်အရွယ် အဘွားအိုတစ်ဦးက အမြွှာသမီးငယ်နှစ်ဦး မွေးဖွားခဲ့ပါတယ်။ ယာရာမာတီဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကိုယ်ဝန်ဆောင်ခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တာပါ။ ယာရာမာတီနဲ့ အသက်(၈၂)နှစ်အရွယ် ခင်ပွန်းဖြစ်သူတို့ဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကိုယ်ဝန်မဆောင်ခင်က သားသမီးထွန်းကားခဲ့ခြင်းမရှိပါဘူး။

သူတို့လင်မယားဟာ အရင်တုန်းက သားသမီးမထွန်းကားလို့
ရွာထဲမှာ ဝိုင်းကျဉ်ခံထားရသလို ခံစားရတယ်လို့ ယာရာမာတီက ဆိုပါတယ်။ ”သူတို့က ကျွန်မကို အမြုံမလို့ ခေါ်ကြတယ်။ ကျွန်မတို့ အမျိုးမျိုးကြိုးစားတယ်။ ဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြတယ်။ အခုလို ကလေးမွေးဖွားနိုင်ခဲ့တာ ကျွန်မဘဝမှာ အပျော်ဆုံးပါပဲ”လို့ ယာရာမာတီက ဆိုပါတယ်။

ယာရာမာတီ ကလေးမွေးပြီး နောက်တစ်ရက်အကြာမှာပဲ သူ့ခင်ပွန်း ရာဇာရာအိုက လေဖြတ်ပြီး ဆေးရုံရောက်ခဲ့ပါတယ်။ တကယ်လို့ သူတို့(၂)ယောက်သာ ကတိမ်းကပါးဖြစ်ခဲ့ရင် ကလေးငယ်တွေကို ဘယ်သူက စောင့်ရှောက်မလဲလို့ မေးမြန်းရာမှာ ရာဇာရာအိုက ”ကျွန်တော်တို့က ထိန်းချုပ်နိုင်တာ ဘာတစ်ခုမှမရှိပါဘူး။ ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲလေ။ အားလုံးက ဘုရားသခင်လက်ထဲမှာပဲ”လို့ ဖြေဆိုခဲ့ပါတယ်။ အဘွားအိုတစ်ဦး ကလေးမွေးဖွားတဲ့ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း အသက် ၇၀ ဝန်းကျင်ရှိတဲ့ အိန္ဒိယအမျိုးသမီး ကော်ရာက ယောကျ်ားလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top