စိတ်ကျန်းမာရေးပြဿနာရှိသူရဲ့ဗိုက်ထဲကနေ ဇွန်း၊ ခက်ရင်း၊ လက်ဝတ်ရတနာတွေ ဖယ်ရှားပေးခဲ့ရ

yyl-032-1.jpg

အီဂျစ်နိုင်ငံက ခွဲစိတ်ဆရာဝန်တွေဟာ စိတ်ကျန်းမာရေးပြဿနာရှိသူ တစ်ယောက်ရဲ့ ဗိုက်ထဲကနေ ဇွန်း၊ ခက်ရင်း၊ သွားပွတ်တံနဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ဖယ်ရှားပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း သူတို့အိမ်ကနေ ဇွန်း၊ ခက်ရင်းတွေ၊ လက်ဝတ်ရတနာတွေ ပျောက်ချင်းမလှ ပျောက်ခဲ့တဲ့အတွက် အံ့အားသင့်မိပေမဲ့ သားဖြစ်သူ မျိုချလိမ့်မယ်လို့ မထင်မိတဲ့အကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ စိတ်ကျန်းမာရေးပြဿနာရှိသူက အသက် ၂၀ ဝန်းကျင်ရှိပြီး ဦးနှောက်ကြုံလှီတဲ့ဝေဒနာ ခံစားနေရသူပါ။

သူက ဆက်တိုက်အန်နေပြီး မခံမရပ်နိုင်အောင် ဗိုက်အောင့်တယ်ပြောလို့ ဆေးရုံတင်ပို့ခဲ့ပါတယ်။ ဆေးရုံမှာ X-ray ရိုက်ကြည့်တော့ သူ့ဗိုက်ထဲကနေ အံ့အားသင့်စရာ အရာဝတ္တုတွေ တွေ့ရှိခဲ့တာပါ။ သူ့ကို ခွဲစိတ်မှုလုပ်ရာမှာ ဗိုက်ထဲကနေ ဇွန်းတွေ၊ ခက်ရင်းတွေ၊ သွားပွတ်တံ (၇)ချောင်း၊ ရွှေလက်စွပ်တစ်ကွင်းနဲ့ လည်ဆွဲတစ်ခုကို ဖယ်ရှားပေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေရှိပြီလို့ ဆရာဝန်ဖူအက်က ဆိုပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top