၅၉ ဦးအထိ သေဆုံးသွားပြီလို့ သိရတဲ့ လက်စ်ဗီးဂတ်စ် ပစ်ခတ်မှု

Lasvegaslarge.jpg

လက်စ်ဗီးဂတ်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံး သိရတဲ့ သတင်းတွေ အရတော့ သေဆုံးသူ ဦးရေ ၅၉ ဦးအထိ ရှိနေခဲ့ပြီဖြစ်ပြီး ဒဏ်ရာရရှိသူပေါင်း ၅၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဂီတပွဲတော် ကျင်းပနေတဲ့ လူအုပ်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်လိုက်တာ ဖြစ်ပြီး အမေရိကန်သမိုင်းမှာတော့ လူထုကြားမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ပစ်ခတ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ Route 91 festival ဂီတပွဲတော်ကို လာရောက်တဲ့ ခရီးသွား နှစ်ဦးက ပြောခဲ့တာကတော့ ဆူညံသံတွေကို ကြားလိုက်ရပြီး သူတို့အနေနဲ့ကတော့ မီးပန်းသံတွေလို့ ထင်နေတာဖြစ်ပြီး နောက်မှ သေနတ်သံတွေဖြစ်နေခဲ့ကာ သေနတ်သမားက လူအုပ်ထဲကို ဆက်တိုက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ သေနတ်သမားကို ရဲက အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူ သေနတ်သမား ကတော့ အသက် ၆၄ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ စတီဖင် ပတ်ဒေါ့ခ် (Stephen Paddock) ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မြို့ရဲ့ ရဲအရာရှိဖြစ်သူ ဂျိုးဇက်ဖ် လမ်ဘာဒို (Joseph Lombardo) ကတော့ ကျူးလွန်သူကို Mandalay Bay ဟိုတယ် ၃၂ထပ်က ဟိုတယ်ခန်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူနဲ့ အတူ သေနတ် ၂၃ လက်ကိုပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပတ်ဒေါ့ခ်နေထိုင်ရာ နီဗာဒါမြို့က နေအိမ်မှာလည်း နောက်ထပ် သေနတ် ဆယ့်ကိုးလက်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Ref: Independent News: Las Vegas shooting: Death toll rises to 59 as police find 42 weapons in possession of gunman – as it happened

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top