ရေနွေးရေချိုးခန်းမှာ ဝတ်လစ်စလစ်ဖြစ်နေတဲ့ ရဲအရာရှိက ဒုစရိုက်သမားကို ဖမ်းဆီး

in5.jpg

ပြီးခဲ့တဲ့ သောကြာနေ့မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က ရေနွေးရေချိုးခန်းတစ်ခုမှာ ဝတ်လစ်စလစ် ဖြစ်နေတဲ့ ရဲအရာရှိတစ်ဦးက မူးယစ်ဆေးဝါးမှုနဲ့ အလိုရှိနေသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရေနွေးရေချိုးခန်းမှာ အခိုးအငွေ့တွေကြောင့် မြင်ကွင်းမရှင်းလင်းပေမဲ့ သူ့ဘေးမှာ ထိုင်နေသူတစ်ယောက်က မူးယစ်ဆေးဝါးမှုနဲ့ အလိုရှိနေသူ ဖြစ်နေမှန်း သိသွားချိန်မှာ တာဝန်ချိန်ပြင်ပရောက်နေတဲ့ ရဲအရာရှိက ရေနွေးရေချိုးခန်းအတွင်း အဝင်၊ အထွက်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး တခြားရဲအရာရှိတွေကို စစ်ကူခေါ်ယူခဲ့ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ အလိုရှိနေသူဟာ အရင်တုန်းက ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးလို့ ရဲအရာရှိအနေနဲ့ အန ္တရာယ်ကြားကနေ စွန့်စားဖမ်းဆီးခဲ့ရတာပါ။ ရေနွေးရေချိုးခန်းထဲမှာ ပူနွေးနေပေမဲ့ ရဲအရာရှိက ခေါင်းအေးအေးထားပြီး အကွက်ကျကျ စီစဉ်နိုင်ခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ချီးကျူးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top