Sakamoto Maths Myanmar မှ ကြီးမှူးပြီး (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသင်္ချာပြိုင်ပွဲကြီး ကျင်းပမည်

IMG_3595-e1552893960369.jpeg

Sakamoto Maths Myanmar ဂျပန်သင်္ချာ ကျောင်းမှကြီးမှူးပြီး (၁၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲကြီး (16th World Mathematics Competition) ကို ၂၀၁၉ခုနှစ်၊ ဧပြီလ၊ (၆-၇) ရက်နေ့မှာ ရန်ကုန်မြို့က Lotte Hotel မှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပ သွားမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ ထိုင်း ၊မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုးနီးရှား အစရှိတဲ့ နိုင်ငံတွေက ကျောင်းခွဲအသီးသီးမှ သင်္ချာထူးချွန် ကျောင်းသား၊ ကျောင်းသူတွေနဲ့ မြန်မာနိုင်ငံက သင်္ချာထူးချွန်ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မဲ့ ကလေးတွေက အသက် (၆) နှစ်မှ (၁၂) နှစ် ကြားဖြစ်ပြီး မိမိနိုင်ငံက ဆန်ကာတင် ပြည်တွင်းပြိုင်ပွဲ (Country Round ,National Competition ) အသီးသီးမှာ Top (20) ရရှိသူတွေဖြစ်ပါတယ်။

သင်္ချာပြိုင်ပွဲမှာ ပါဝင်တဲ့ Sakamoto WMC မေးခွန်းတွေက ကလေးတွေရဲ့ဂဏန်းသင်္ချာအရည်အသွေး၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဖြတ်ထိုးဉာဏ်၊ ချိတ်ဆက် စဉ်းစားနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ စိတ်ဓာတ်ခွန်အား၊ အခက်အခဲကို ရင်ဆိုင်နိုင်စွမ်း၊ ဇွဲ လုံ့လ ဝီရိယတွေကို စစ်ဆေး သွားမှာဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ တောင်ကြီး၊ ဘားအံ၊ မော်လမြိုင် ရှိကျောင်းတွေက ကျောင်းသား၊ ကျောင်းသူပေါင်း (၅၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Top (30) ဆုရ ကလေးတွေက နောက်တစ်ဆင့် ဆက်လက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဆုရကလေးတွေကိုလည်း ဆရာ၊ ဆရာမများမှ World Mathematics Competition (WMC) တွင် Champion ဆုရရှိအောင် တစ်ခဲနက် လေ့ကျင့် သင်ကြားပေးနေကြပါတယ်။ ထို့ပြင် World Mathematics Competition (WMC) သင်္ချာပြိုင်ပွဲ အပြီးမှာ “အာကာသသို့ခရီးသွားခြင်း၊ လူတိုင်းအာကာသာယဉ်မှူး ဖြစ်နိုင်ကြောင်း” စိတ်ဝင်စားဖွယ် ခေါင်းစဉ်ဖြင့် ပြောကြားပေးရန် NASA အာကာသယာဉ်မှူး Mr. Taichi Yamazaki ကို အထူး ဖိတ်ကြားထားတဲ့ အစီအစဉ်တစ်ခုကို ထည့်သွင်းထားပါတယ်။ ကလေးတွေအတွက် Inspiration တစ်ခုရရှိပြီး သင်္ချာအခြေခံကောင်းတွေ ရရှိကာအဆင့်မြင့် သိပ္ပံပညာရပ်တွေကို ဆက်လက် လေ့လာဆည်းပူး နိုင်ရန် မျိုးစေ့ကောင်းတွေ ချပေးခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံက သားသားမီးမီးတွေအတွက် လေ့လာသင်ကြားနိုင်ရန် အကောင်းဆုံးသော နိုင်ငံတကာ အခွင့်အလမ်းကို Sakamoto Maths Myanmar မှ စဉ်ဆက်မပြတ် ယူဆောင်ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top