မြန်မာနိုင်ငံက ကလေးငယ်လေးပုံတစ်ပုံဟာကိုယ်ခန္ဓာသေးကွေးနေ

WF1265474.jpg

ရန်ကုန်၊ စက်တင်ဘာ (၂၂)

မြန်မာနိုင်ငံက ကလေးငယ်လေးပုံတစ်ပုံခန့်ဟာ ကိုယ်ခန္ဓာသေးကွေးနေတာကို တွေ့ရှိရတယ်လို့ ကုလသမဂ္ဂရဲ့အဖွဲ့အစည်းဖြစ်တဲ့ UNICEFF က သိရပါတယ်။

အခုအကျပ်အတည်းမတိုင်မီကပင် မြန်မာနိုင်ငံက ကလေးငယ် (၈) ယောက်မှာ (၁) ယောက်ဟာ မွေးဖွားချိန်မှာရှိသင့်တဲ့ ကိုယ်အလေးချိန်အောက်ကို ရောက်ရှိနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကလေးတိုင်း အာဟာရပြည့်ဝပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် အစာအာဟာရကို စားသုံးနိုင်ဖို့အတွက် အရေးတကြီး လုပ်ဆောင်ကြဖို့လိုတယ်လို့ UNICEFF က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် (၂၅၀၀၀၀) ဝန်းကျင်ဟာ သန့်ရှင်း‌ရေးဆိုင်ရာ ကိစ္စတွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ရေအသုံးပြုနိုင်ဖို့ လက်လှမ်းမမှီတဲ့အပြင် ရေလုံလောက်စွာ မရရှိတဲ့နေရာတွေမှာ ရှိနေကြတာဖြစ်ပါတယ်။

ဒါ့ပြင် နေရာစွန့်ခွာတိမ်းရှောင်ရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အကြမ်းဖက်ခံရခြင်းနဲ့
ကလေးလုပ်သားအဖြစ်ခိုင်းစေခံရခြင်းတွေရှိနေတယ်လို့ UNICEFF ထောက်ပြပြောဆိုလိုက်ပါတယ်။

Photo- WFP
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top