လူဦးနှောက်နှင့် ကွန်ပြူတာများအားချိတ်ဆက်ရန် ဦးခေါင်းခွံအတွင်းအပေါက်များဖောက်သွားမည့် အီလွန်မာ့စ်

neuralink-elon-musk-wants-to-read-your-mind.jpg

အင်တာနက်ရဲ့ Favorite Tech Guy တစ်ဦးဖြစ်သူ အီလွန်မာ့စ်ဟာ သူ့ရဲ့ Neuralink မှ တိတ်တဆိတ်ကြိုးပမ်းနေတဲ့အရာတစ်ခုကို ထုတ်ဖော်ပြသ ခဲ့ပြီဖြစ်ပါတယ်။ Neuralink ဆိုတာကတော့ လူနဲ့ ကွန်ပြူတာများကြားမှာ ချိတ်ဆက်ပေးဖို့ကြိုးပမ်းသွားမယ့် neurotechnology startup တစ်ခု ဖြစ်ပါတယ်။

ဒါဟာ အနည်းငယ်အန္တရာယ်ရှိတဲ့လုပ်ရပ်တစ်ခုဖြစ်နေပေမဲ့ ဆင်တစ်ကောင် ဒါမှမဟုတ် မျောက်တစ်ကောင်ကို အခန်းထဲခေါ်ယူစမ်းသပ်ရမှာဖြစ်ကြောင်းနဲ့ အခုဆိုရင် မျောက်ဟာ သူ့ရဲ့ ဦးနှောက်နဲ့ ကွန်ပြူတာကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အီလွန်မာ့စ်က ပြီးခဲ့တဲ့အင်္ဂါနေ့ညနေခင်းက California Academy of Sciences မှာ ပြောကြားခဲ့ပါတယ်။

အီလွန်မာ့စ်နဲ့ Neuralink မှ ထိပ်တန်းသိပ္ပံပညာရှင်များဟာ အဆိုပါပွဲမှာ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ နည်းပညာတွေ ရဲ့အကြောင်းကို အသေးစိတ်ပြောကြား ခဲ့ကြပြီး တစ်နေ့နေ့မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်အတွင်းကိုပါ ဒီစနစ်ကြီး ရောက်လာနိုင်ကြောင်းလည်း ပြောကြားခဲ့ကြပါတယ်။ ကျွန်တော်တို့ဦးနှောက် အတွင်းထဲကို ရောက်လာဖို့ဆိုရင် ပထမဆုံးသူတို့လုပ်မယ့်အချက်ကိုပါ ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ဦးခေါင်းခွံကို လေဆာရောင်ခြည်နဲ့ ဖောက်ထွင်းခြင်း ဖြစ်တယ်လို့သိရပါတယ်။

လူတစ်ယောက်ရဲ့ ဦးနှောက်ထဲကအချက်အလက်ကို အပြင်ကိုရအောင်ယူလာဖို့အတွက် ပထမဆုံး လုပ်ရမယ့် အချက်က သူ့ဦးခေါင်းခွံအတွင်းမှာ သွားလာ နေတဲ့ ဆစ်ဂ်နယ်အားလုံးကိုဖမ်းယူပြီး အပြင်က device တစ်ခုဆီ ပို့ဆောင်ခြင်းပဲဖြစ်ပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် Neuralink ဟာ ကွေးညွတ်နိုင်တဲ့ electrodes များကို တီထွင်ထုတ်လုပ်သွားမှာဖြစ်ပြီး အဲဒီအရာတွေကို နျူရွန်များရှိနေရာ ဦးနှောက် အတွင်း ထည့်သွင်းလိုက်မှာဖြစ်ပါတယ်။ ဒီကမှတစ်ဆင့် ဆစ်ဂ်နယ် များကိုဖမ်းယူပြီး အပြင်ကကွန်ပြူတာအတွင်းက နျူရွန်များဆီ ကြိုးမဲ့စနစ်နဲ့ ပေးပို့ လုပ်ဆောင်စေမှာဖြစ်တယ် လို့သိရပါတယ်။

အခုလက်ရှိမှာ Neuralink ဟာ သူတို့ရဲ့ electrodes များကို ဦးနှောက်အတွင်းက အကြောတစ်ခုချင်းစီမှာ တိကျ စွာနေရာချထားနိုင်ဖို့အတွက် ကွန်ပြူတာ အကူအညီရယူတဲ့စနစ်နဲ့ သေးငယ်လှတဲ့အပ်ကလေးများကို အသုံးပြု သွားမယ်လို့သိရပါတယ်။

ဆိုခဲ့သလို ဦးနှောက်အတွင်းကိုရောက်ရှိနိုင်ဖို့အတွက် ဦးခေါင်းခွံမှာ အပေါက်ကြီးတွေဖောက်ထွင်းခြင်းတာမျိုး ပြုလုပ်မှာမဟုတ်ဘဲ လေဆာရောင်ခြည်များ အသုံးပြုပြီး အလွန်သေးငယ်တဲ့အပေါက်ပေါင်းများစွာကို ဖောက်ထွင်း သွားမှာဖြစ်တယ်လို့ Neuralink ဥက္ကဌ Max Hodak က The New York Times ကို ပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top