အလွယ်တကူနှိမ်နင်းသုတ်သင်ပစ်ဖို့ ခက်သည်ထက်ခက်လာနေတဲ့ ပိုးဟပ်တွေ

roach-1.jpg

ပိုးဟပ်တွေကိုနှိမ်နင်းဖို့ထုတ်ထားတဲ့ဆေးဗူးတချို့ သင့်အိမ်မှာရှိနေမယ်ဆိုရင် အခုသတင်းကြောင့် လွှင့်ပစ်လိုက်ရမယ့်အခြေအနေမျိုးပါပဲ။ အကြောင်းကတော့ လေ့လာမှုအသစ်တစ်ခုရဲ့တွေ့ရှိချက်အရ ကမ္ဘာပေါ်မှာ အတွေ့ရများဆုံးပိုးမွှားဖြစ်တဲ့ ပိုးဟပ် (German cockroaches) တွေဟာ လက်ရှိသုံးစွဲနေတဲ့ မြောက်များစွာသော ပိုးသတ်ဆေးတွေကို လုံးဝမမှုတော့တဲ့အဆင့်ထိ တိုးတက်ပြောင်းလဲလာနေပြီလို့ သိခဲ့ရတာကြောင့်ဖြစ်ပါတယ်။

လက်ရှိသုံးစွဲနေတဲ့ မြောက်များစွာသော ပိုးသတ်ဆေးတွေကို လုံးဝမမှုတော့တဲ့အဆင့်ထိ တိုးတက်ပြောင်းလဲလာနေ

ဒီလေ့လာမှုကို ခြောက်လကြာအောင်ပြုလုပ်ခဲ့ကြတဲ့သုတေသီတွေဟာ ပိုးသတ်ဆေးအမျိုးမျိုးပေါင်းစပ်ပြီး ပိုးဟပ်တွေကိုနှိမ်နင်းကြည့်ခဲ့ကြရာမှာ အလုပ်မဖြစ်ခဲ့ကြတဲ့အပြင် ပိုးဟပ်မျိုးဆက်တစ်ခုတည်းမှာတင် ဒီဆေးတွေကိုခံနိုင်ရည်ရှိမှုက အဆများစွာတိုးလာတာကိုလည်း ထိတ်လန့်ဖွယ်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ပါမောက္ခ Michael Scharf

“ဒီလိုမျိုး ပိုးဟပ်တွေကိုနှိမ်နင်းရခက်တဲ့ကိစ္စမျိုးက အရင်ကလည်းရှိခဲ့ဖူးပါတယ်။ အခုကတော့ ပိုဆိုးလာတဲ့အခြေအနေဖြစ်သလို ပိုးဟပ်တွေနဲ့ပတ်သက်ပြီး ခေါင်းခဲစရာစိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပေါ့လေ” လို့ ပါဂျူးတက္ကသိုလ် (Purdue University) က ပါမောက္ခတစ်ဦးဖြစ်တဲ့ မိုက်ကယ် ရှာ့ဖ် (Michael Scharf) က ပြောခဲ့ပါတယ်။

ဓာတုပစ္စည်းတွေချည်းအသုံးပြုဖန်တီးထားတဲ့ ပိုးသတ်ဆေးအမျိုးအမည်များစွာကို ဘယ်လိုသုံးစွဲပေမဲ့လည်း အလုပ်မဖြစ်နိုင်ဘူးဆိုတဲ့သဘောဖြစ်လာ

ပိုးဟပ်ဆိုတာ ခေါင်းဖြတ်ထားရင်တောင် ချက်ချင်းမသေနိုင်တဲ့ အသက်ပြင်းပိုးမွှားတွေလို့ ကျွန်တော်တို့ အတော်များများ သိထားဖူးကြမှာပါ။ အခုလည်း သူတို့ရဲ့ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်က တဖြည်းဖြည်းပိုမြင့်လာနေတာဖြစ်လို့ ဓာတုပစ္စည်းတွေချည်းအသုံးပြုဖန်တီးထားတဲ့ ပိုးသတ်ဆေးအမျိုးအမည်များစွာကို ဘယ်လိုသုံးစွဲပေမဲ့လည်း အလုပ်မဖြစ်နိုင်ဘူးဆိုတဲ့သဘောဖြစ်လာပါတယ်။

ခေါင်းဖြတ်ထားရင်တောင် ချက်ချင်းမသေနိုင်တဲ့ အသက်ပြင်းပိုးမွှားတွေ

စာဖတ်သူအနေနဲ့ကော အိမ်ကပိုးဟပ်တွေကို ဘယ်လိုနည်းနဲ့ နှိမ်နင်း သုတ်သင်ခဲ့ဖူးပါသလဲ…အဲဒီနည်းက ထိရောက်အလုပ်ဖြစ်ခဲ့လားဆိုတာ Comment မှာ မျှဝေပေးခဲ့နိုင်ပါတယ်။

Ref: CBS News “Cockroaches are becoming near-IMPOSSIBLE to kill as they rapidly evolve immunity to bug sprays and insecticides”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top