နည်းပညာကို အသုံးပြု၍ ခေတ်မှီတိုးတက်သော နိုင်ငံတစ်ခုတည်ဆောက်ရန် အရေးပါသည့် အခန်းကဏ္ဍများ

yyl-16-029.jpg

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ပိုမိုမြင့်မားတိုးတက်လာသည် နှင့်အမျှ တိုးတက်မှုရေရှည် တည်တံ့ရန် နှင့် ကမ္ဘာ့ရှေ့ပြေး နည်းပညာများ အစဉ်မပြတ် လေ့လာတီထွင် နိုင်ရန် ရင်းနှီးမြုပ်နှံရန်မှာ စိန်ခေါ်မှု တစ်ခုဖြစ်လာခဲ့သည်။ နည်းပညာသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု တည်ဆောက်ရာတွင် အဓိကအရေးပါသော သော့ချက်တစ်ခုဖြစ်လာခဲ့သည်။ အောက်ပါနည်းပညာဆိုင်ရာ နည်းလမ်းများ အား အသုံးပြု၍ တိုးတက်သော နိုင်ငံတစ်ခု တည်ဆောက်ရန် များစွာအကူအညီ ရနိုင်မည် ဖြစ်သည်။

ဆေးပညာ နှင့် ကျန်းမာရေးဆိုင်ရာ

ယခုနောက်ပိုင်းတွင် နည်းပညာကို မိုဘိုင်းဖုန်းများ မှတစ်ဆင့် အသုံးပြုကာ ကျန်းမာရေးဆိုင်ရာ အထောက်အကူများစွာ ရရှိလျှက် ရှိပါသည်။ များစွာသော ကျန်းမာရေး ပြဿနာများ၏ အခြေခံမှာ ဗဟုသုတနည်းပါးခြင်း ကြောင့်ဖြစ်သည်။ မိုဘိုင်းဖုန်းများ၏ ကျန်းမာရေးဆိုင်ရာ အဓိက အထောက်အကူမှာ ဆိုးဝါးသော ရောဂါဆိုးများဖြစ်သည့် HIV, AIDS နှင့် Malaria အစရှိသော ရောဂါဆိုးများ ဘေးမှ ကြိုတင်ကာကွယ်ရန် ပညာ ဗဟုသုတများကို ကြိုတင် လေ့လာ ကာကွယ် နိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးဆိုင်ရာ အသိပေးစာများ မိုဘိုင်းဖုန်းများသို့ ပို့ပေးခြင်း၊
အရေးပေါ်အခြေအနေ ဆက်သွယ်ရန် နည်းပညာများ၊ မတော်တဆဖြစ်မှုများ အပေါ်အရေးပေါ် တုံ့ပြန်ချက်များ အစရှိသည့် နည်းပညာလုပ်ဆောင်ချက်များကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ

သဘာဝ အရင်းအမြစ်များ ရှားပါးလာခြင်းအပေါ် နည်းပညာ ဖန်တီးမှုများဖြင့် ထိရောက်စွာ ဖြေရှင်း နိုင်မည်ဖြစ်သည်။ ဥပမာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံကြီးများတွင် လျှပ်စစ်မီး နှင့် ရေသုံးစွဲရာတွင် အလိုလျောက် ဖွင့်ပိတ်ပေးသော sensorများ အစားထိုးသုံးစွဲ လာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် အပေါ် များစွာ အကျိုးသက်ရောက်မှုများ ရှိသည်။

စီးပွားရေးဆိုင်ရာ

ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် နည်းပညာကို အသုံးပြု၍ စွီးပွားရေးလုပ်ငန်းများ အပြိုင်အဆိုင် ဆောင်ရွက်လာကြသည်။ ဥပမာ ဘဏ်လုပ်ငန်း တစ်ခုအနေဖြင့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မိုဘိုင်းဖုန်း အခြေခံသည့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကြောင့် ကမ္ဘာအနှံ့ ဘဏ်အသုံးပြုသူများ အရင်နှစ်များထက် သိသိသာသာ များပြားလာခဲ့သည်။

ပညာရေးဆိုင်ရာ

များစွာသော နည်းပညာ ကုမ္ပဏီများသည် အခြေခံပညာကျောင်းများတွင် ကလေးငယ်များ နည်းပညာ၏ တန်ဖိုး နှင့် လုပ်ဆောင်နိုင်စွမ်း များကို စိတ်ပါဝင်စားစေရန် နှင့် ရင်းနှီးကျွမ်းဝင်စေရန် နည်းပညာ ပရောဂျက် အသေးစားလေးများကို ရင်းနှီးမြုပ်နှံကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကလေးငယ်များ နည်းပညာကို မှန်ကန်စွာ အသုံးပြု၍ လျှင်မြန်စွာ လေ့လာသင်ယူနိုင်ပြီး တီထွင်မှု အသစ်များလည်း ဖန်တီး တည်ဆောက်နိုင်ရန် ရည်ရွယ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top