လက်ကိုင်ဖုန်းဟန်းဆက် (Handset) နဲ့ ဆက်စပ်ပစ္စည်းတွေကို အခွန်အမှတ်တံဆိပ်တွေ ကပ်နှိပ်ရောင်းချရတော့မည်

tax-stamp-restaurant-myanmar-yangon.jpg

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နဲ့ ဆက်စပ်ပစ္စည်းတွေကိုဝယ်ယူရင် ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်းကို ဇွန်လ (၁) ရက်နေ့ကစတင်ပြီး ကောက်ခံသွားမှာဖြစ်ကာ အခွန်အမှတ်တံဆိပ်တွေကပ်နှိပ်ရောင်းချကြဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက ဧပြီ (၁) ရက်နေ့ကတရားဝင်အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်းကို ဇွန်လ (၁) ရက်နေ့ကစတင်ပြီး ကောက်ခံသွားမှာဖြစ်

ကျသင့်အခွန်နဲ့ညီမျှတဲ့ အခွန်အမှတ်တံဆိပ်ပါ ပြေစာတွေတောင်းယူဖို့နဲ့ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိတဲ့ ပြေစာများထုတ်ပေးခဲ့ရင် နီးစပ်ရာအခွန်ရုံးတွေကို တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများရဲ့ စည်းမျဉ်း (၄၀)၊ စည်းမျဉ်းခွဲ (က)၊ စည်းမျဉ်းခွဲငယ် (၃) မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာနဲ့ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေနဲ့ အတူကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံ တစ်ပါတည်းကောက်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားတဲ့ပြေစာနဲ့ ရောင်းချခြင်းဆိုင်ရာနည်းလမ်းတွေကိုလည်း ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်

ဒါ့အပြင် စည်းမျဉ်း (၄၀)၊ စည်းမျဉ်းခွဲ (ခ) အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး လက်ကိုင်ဖုန်းဟန်းဆက် (Handset) နဲ့ ဆက်စပ်ပစ္စည်းတွေရောင်းချရာမှာ ပစ္စည်းတန်ဖိုးနဲ့အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားတဲ့ပြေစာနဲ့ ရောင်းချခြင်းဆိုင်ရာနည်းလမ်းတွေကိုလည်း ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်ပါတယ်။

Ref: ပြည်တွင်းအခွန်များဦးစီးဌာန Photos: mmtimes, mmbiztoday
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top