နှစ် ၈၀ အကြာမှ အထက်တန်းဒီလိုမာကို ရရှိခဲ့တဲ့ အသက် ၉၉ နှစ်အဘွား

4.9.2024-yyl-6.jpg

ဂျော်ဂျီယာ မက်ဂါရီဆိုတဲ့ အသက် ၉၉ နှစ်အရွယ်အဘွားဟာ နှစ် ၈၀ အကြာမှာ အထက်တန်းဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ပညာရေးဘုတ်အဖွဲ့အစည်းအဝေးမှာ the Switzerland of Ohio Local School District ကနေ အသိအမှတ်ပြုအထက်တန်းကျောင်းအောင်လက်မှတ်လက်ခံရရှိခဲ့တာပါ။

မက်ဂါရီက အခုလိုရမယ်လို့မထင်ခဲ့ပါဘူး။ ညစာသွားစားရမယ်လို့ တွေးခဲ့တာပါ။ အံ့အားသင့်စွာပဲ သူ့ကို အထက်တန်းဒီပလိုမာချီးမြှင့်မယ့်အခမ်းအနားဖြစ်နေခဲ့တာပါ။

သူဟာ ၁၉၄၄ ခုနှစ်က Woodsfield High School ကနေ ဘွဲ့ယူဖို့ စီစဉ်ခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်း သူ့မိသားစုကို ထောက်ပံ့ရမှာမို့ ကျောင်းထွက်ကာ အလုပ်လုပ်ခဲ့ရတာပါ။ သူ့ရဲ့အိပ်မက်က အထက်တန်းဒီပလိုမာရဖို့ဆိုတာကို မေရီ အာဒမ်ဆိုသူက သိပြီး အခုလိုအခမ်းအနားနဲ့ ကူညီဖြည့်ဆည်းပေးခဲ့တာပါ။ မက်ဂါရီရဲ့အထက်တန်းဒီပလိုမာမှာ ဘွဲ့ရတဲ့ရက်စွဲကိုလည်း ၁၉၄၄ ခုနှစ် မေလ ၁၉ ရက်နေ့ရက်စွဲထည့်ပေးထားပါတယ်။

Ref: 99-Year-Old Woman Finally Receives High School Diploma in Surprise Ceremony After She Had to Quit School in WWII

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top