ခရစ္စမတ်လက်ဆောင်အနေနဲ့ မိခင်ဖြစ်သူကို ကားသစ်တစ်စီးနဲ့ စပရိုက်လုပ်ခဲ့တဲ့ ဒွိန်းဂျွန်ဆင်

28.12.2021yyl6.png

အက်ရှင်မင်းသားကြီး ဒွိန်း ဂျွန်ဆင် (Dwayne Johnson) ကတော့ အခုနှစ်ခရစ္စမတ်မှာ မိခင်ဖြစ်သူကို အံ့အားသင့်သွားစေမယ့် လက်ဆောင်မျိုးပေးခဲ့ပါတယ်။ သူ့ရဲ့မိခင်ကို ကားသစ်တစ်စီးလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူကို ကားသစ်တစ်စီးနဲ့ စပရိုက်လုပ်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်ကို အင်စတာဂရမ်အကောင့်မှာ ဒွိန်းကိုယ်တိုင်တင်ခဲ့ပါတယ်။

သူ့ရဲ့သမီးငယ်လေးနှစ်ယောက်ကလည်း ဒွိန်းကို ပါဝင်အားဖြည့်ကူညီပေးခဲ့တာကို တွေ့ရပါတယ်။ “အမေရယ်..အံ့ဩတုန်လှုပ်သွားခဲ့တယ်။ ဝမ်းသာပီတီမျက်ရည်လည်းကျခဲ့တယ်။ အဲဒီနောက် သူ့ရဲ့မြေးလေးတွေကလည်း သူနဲ့အတူ ကားထဲဝင်ခဲ့တယ်။ သူ လုံးဝကို ပျော်ရွှင်နေခဲ့တယ်။ ကျွန်တော့်ရဲ့ခွေးလေး ဟော့ဘ်ကတောင် သူ့ရဲ့ခရစ္စမတ်ကြက်အရုပ်အသစ်လေးနဲ့ ကားထဲဝင်ချင်နေခဲ့တယ်”လို့ ဒွိန်းက ရေးသားခဲ့ပါတယ်။

“ကျွန်တော့်အမေအတွက် ဒီလိုအရာမျိုး လုပ်ပေးနိုင်တာကို ကျွန်တော့် အရမ်းကျေးဇူးတင်လှပါပြီ။ ရယူခြင်းမျိုးနဲ့ အဲဒါကို လုပ်ခဲ့တာမဟုတ်ပါဘူး။ အမေလည်း အဲဒီလိုမလုပ်ပါဘူး” လို့လည်း ဆက်လက်ရေးသားထားပါတယ်။ ပြီးခဲ့တဲ့လကလည်း ဒွိန်းက သူ့ရဲ့ပရိသတ်တစ်ဉီးကို သူ့ရဲ့ကိုယ်ပိုင်Ford ကားတစ်စီး လက်ဆောင်ပေးခဲ့ပါသေးတယ်။ သူက Red Notice ထဲမှာ သူမောင်းခဲ့တဲ့ Porche ကားကို လက်ဆောင်ပေးချင်ခဲ့ပေမဲ့ သူ ကိုယ်ပိုင်ကားကိုပဲ လက်ဆောင်အဖြစ် ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒွိန်းဂျွန်ဆင်အတွက် ဒီနှစ်က ပျော်စရာကောင်းတဲ့နှစ်လို့ဆိုရမှာပါပဲ။ သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ “Red Notice” ဇာတ်ကားက ကြီးကြီးမားမားအောင်မြင်မှုရရှိခဲ့တဲ့အပြင် Netflix သမိုင်းမှာ လူအကြည့်အများဆုံးရုပ်ရှင်ကားလည်း ဖြစ်လာခဲ့ပါတယ်။

Ref: CNN “Dwayne Johnson surprises his mom with a new car”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top