မိခင်က လက်ထပ်စေချင်နေပြီဖြစ်တဲ့ လူပျိုကြီး လီယိုနာဒို ဒီကာပရိယို

yyl-048-3.jpg

လူပျိုကြီး လီယိုနာဒို ဒီကာပရိယိုက အခုထိ မိန်းမမယူသေးဘဲ မိန်းကလေးငယ်ငယ်ချောချောလေးတွေ တစ်ယောက်ပြီးတစ်ယောက်တွဲနေတာကို ပရိသတ်တွေ သိကြမှာပါ။ လက်ရှိမှာတော့ သူဟာ ကမီလာ မော်ရုန်းနဲ့တွဲနေတာပါ။ လီယိုနာဒိုကသာ မိန်းမ မယူချင်သေးတာ သူူ့မိခင်ကြီးကတော့ သူ့ကောင်မလေးနဲ့ ဖြစ်နိုင်သလောက် မြန်မြန်လက်ထပ်စေချင်နေပြီလို့ သတင်းဌာနတွေအရ သိရပါတယ်။

လီယိုနာဒိုရဲ့မိခင်က ကမီလာကို ချစ်မြတ်နိုးပြီး ချွေးမလောင်းအနေနဲ့ တွေ့ဖူးပါတယ်။ လီယိုနာဒိုလက်မထပ်သေးရင် ကမီလာကို အဝေးတွန်းထုတ်မှာကို မိခင်ကြီးက စိုးရိမ်လို့နေပါတယ်။ သူတို့စုံတွဲက ၂၀၁၇ခုနှစ် ဒီဇင်ဘာလကတည်းက ချစ်သူတွေဖြစ်နေခဲ့တာပါ။ ကမီလာက လီယိုနာဒိုရဲ့ မိဘတွေနဲ့အတူ အီတလီကို ခရီးအတူထွက်ကတည်းက လီယိုနာဒိုရဲ့မိခင်က ချွေးမလေးကို အနီးကပ်အကဲဖြတ်ခွင့်ရဖို့ အချိန်ရခဲ့သလို ရင်းနှီးခွင့်လည်းရခဲ့ပါတယ်။ သူတို့တွေ အီတလီမှာ အပန်းဖြေအနားယူနေတာကို သြဂုတ်လ (၄) ရက်နေ့က တွေ့ခဲ့တာဖြစ်ပါတယ်။

မိခင်ကြီးက သူတို့နှစ်ယောက်ကို သဘောတူကြည်ဖြူနေပေမဲ့ လီယိုနာဒိုကတော့ လက်ထပ်ဖို့ စိတ်ကူးရှိပုံမရသေးပါဘူးထင်ပါတယ်။ လီယိုနာဒိုက လက်ထပ်ဖို့ကို သူတို့နှစ်ယောက်ဒီလိုပဲ အဆင်ပြေတယ်ဆိုပြီး လမ်းကြောင်းလွှဲနေပါတယ်။ သူ့မိခင်က ဒီလိုမျိုး အရင်က ကြုံဖူးမြင်ဖူးတာကြောင့် တဖြည်းဖြည်းနဲ့ အဝေးကို တွန်းပို့မှာကို စိုးရိမ်ပူပန်နေပါတယ်။

သူ့မိခင် စိုးရိမ်သလိုပဲ ဖြစ်လာမှာဆိုးရပါတယ်။ မီယာမီက ကလပ်ပတစ်ခုမှာ လီယိုနာဒိုကို စူပါမော်ဒယ် ကန်ဒဲဂျန်နာ (Kendall Jenner)နဲ့ အချိန်အကြာကြီးအတူရှိနေတာကို ဒီဇင်ဘာ (၄) ရက်နေ့ တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်တွေ့သူတစ်ဦးအရ သိရပါတယ်။ သူတို့နှစ်ယောက်က အချင်းချင်းအကြည့်စိုက်နေကြပြီး သောက်စားနေတုန်းမှာ အချင်းချင်းတို့ထိရင် ရယ်မောနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက ကမီလာက မော်ရိုကိုက Marrakech International Film Festival ပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကို အခုလိုမြင်တွေ့လိုက်ရတာက လီယိုနာဒိုရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို စိုးရိမ်ပူပန်စေခဲ့ပါတယ်။ လီယိုနာဒိုက မိန်းကလေးငယ်ငယ်လေးတွေနဲ့ ဆက်ပြီး ပတ်သက်နေတဲ့အတွက်ကြောင့်ပါပဲ။ ကံကောင်းတာက ကမီလာက လီယိုနာဒိုနဲ့ သူ့ကြားက အသက်ကကွာခြားမှုကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူကတော့ လီယိုနာဒို အချိန်ဆွဲတာကို ဘယ်လောက်ကြာအောင် စိတ်ရှည်ရှည်နဲ့ စောင့်နေမလဲ..။

Ref: Leonardo DiCaprio’s mother wants him to marry girlfriend Camila Morrone

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top