အသက်ကြီးနေတာတောင် ဝါသနာကို မစွန့်လွှတ်သေးတဲ့ အသက် (၉၈) နှစ်အရွယ်အဘွားအို

yyl-017-2.jpg

အသက် (၉၈) နှစ်အရွယ်ထိ ကျန်းမာသန်စွမ်းစွာ နေနိုင်တဲ့သူဆိုတာ တကယ်ကို အသက်ရှည်ရှည်နေနိုင်တဲ့သူလို့ပဲ ဆိုရမှာပါပဲ။ အသက်အရွယ်ရလာတာနဲ့ လူတိုင်းဟာ ဘာအလုပ်မှာမလုပ်ဘဲ အေးအေးဆေးဆေး နေချင်ကြပါတယ်။ ဒါပေမဲ့ မော်ရင်း ကွန်ဖီ (Maurine Kornfeld) ဆိုတဲ့အဘွားရဲ့အသက်အရွယ် (၉၈) နှစ်က အိမ်မှာ ဇိမ်ရှိရှိ နားနားနေနေနေရမယ့် အချိန်ရောက်နေပေမဲ့ သူ့ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ ရေကူးတာကို လက်မလျော့သေးပါဘူး။ သူ ဝါသနာပါရာကို လုပ်နေတုန်းပါပဲ။ သူကလည်း အဲဒီအရွယ်မှာပဲ အောင်မြင်မှုက အထွတ်ထိပ်ရောက်နေတာပါ။

အဲဒီအဘွားကို ရေကူးတဲ့လောကမှာ “Mighty Mo” လို့ သိကြပြီး လူတိုင်းအတွက် သူက ဟီးရိုးတစ်ယောက်ပါပဲ။ ကျွမ်းကျင်တဲ့စီနီယာရေကူးသမားတွေကြားမှာ သူဟာ World Championship ရွှေတံဆိပ်ဆု (၁၄) ခု ရရှိထားတဲ့အပြင် ကမ္ဘာစံချိန် (၂၈) ခုရှိနေပါပြီ။ မကြာသေးခင်ကမှ သူဟာ International Swimming Hall of Fame မှာ စာရင်းသွင်းခံခဲ့ရပါတယ်။”ကျွန်တော်တို့က သူ့ကို ကြည်ညိုလေးစားတယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ရဲ့အမာခံပရိသတ်တွေပါ” လို့ ရေကူးနည်းပြ ချာတ် ဒူရီအက် (Chad Durieux) က ပြောပါတယ်။

အဘွား Mighty Mo က သူ့ဝါသနာကို အသက် (၆၅) နှစ်မှာ အကောင်အထည်ဖော် စတင်ခဲ့တာပါ။ အဘွားကို “ကောင်းတဲ့မိန်းကလေးတွေက အားကစားမကစားဘူး” လို့ ပြောခံခဲ့ရပေမဲ့ အခုတော့ သူ့ကို စံပြတစ်ယောက်အနေနဲ့ ကြည့်နေရပါတယ်။ နောက်ကျမှ လုပ်ခဲ့ရတဲ့ သူ့ရဲ့ဝါသနာက သူ့အဖွဲ့သားတွေကို ခွန်အားဖြစ်စေခဲ့ပါတယ်။ “အဖွဲ့သားတွေနဲ့ပတ်သက်ပြီး ကျွန်မကြိုက်နှစ်သက်တဲ့အရာက ပြီးမြောက်အောင်လုပ်ဖို့အတွက် ဘာမှမရှိတာကနေ စတင်တာမြင်ရတာပါပဲ။ ဒါက တကယ်ကို သေသပ်ပြီး ကြည့်ကောင်းပါတယ်” လို့ အဘွား Mighty Mo က ဆိုပါတယ်။

Ref: CBSNews “98-year-old swimmer “Mighty Mo” refuses to slow down”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top