သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မိလို့ ဒေါ်လာ ၁.၄ သန်း ဒဏ်ရိုက်ခံရသူ

16.10.23-yyl-18.jpg

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အမျိုးသားတစ်ယောက်ဟာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၁.၄ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ကွန်နာကာတိုလို့ အမည်ရတဲ့ အမျိုးသားဟာ စက်တင်ဘာလ ၂ ရက်က တစ်နာရီ ၅၅ မိုင်နှုန်းပဲ မောင်းနှင်ရမယ့်ဇုန်ကို တစ်နာရီ မိုင် ၉၀ နှုန်းနဲ့ မောင်းနှင်နေတုန်း ပြည်နယ်ကင်းလှည့်အဖွဲ့ရဲ့ တားဆီးခြင်း ခံခဲ့ရတာပါ။

သူ့အနေနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုတာ နားလည်ပေမဲ့ ဒေါ်လာ ၁.၄ သန်း ဒဏ်ငွေဆောင်ရမယ်ဆိုတာ သိလိုက်ရတော့ အလွန်အံ့အားသင့်သွားခဲ့ပါတယ်။ စာစီ စာရိုက် အမှားဖြစ်မယ်လို့ သူက စောဒကတက်ခဲ့ပေမဲ့ ဒဏ်ကြေးပေးရင် ပေး၊ မပေးရင် တရားရုံးမှာ ဖြေရှင်းဖို့ အကြောင်းကြား ခံခဲ့ရပါတယ်။

ဒါဟာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သူတွေကို ဒဏ်ကြေးရိုက်ဖို့ အသုံးပြုတဲ့ ဆော့ဖ်ဝဲကြောင့် ဖြစ်ပြီး ဒဏ်ကြေးပမာဏကို အတိအကျမဟုတ်ဘဲ ယာယီပမာဏတစ်ခု ထည့်သွင်းထားမှုကြောင့် အခုလို ဖြစ်သွားခဲ့တာပါ။ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သူတွေဟာ တရားရုံးကို မဖြစ်မနေ သွားရမှာဖြစ်ပြီး ကွန်နာကာတိုရဲ့ ဒဏ်ငွေကိုတော့ တရားသူကြီးက ပြန်လည်သတ်မှတ်ပေးမှာပါ။ သူ ပေးဆောင်ရမယ့် ဒဏ်ကြေးက ဒေါ်လာ ၁၀၀၀ ထက် ပိုများဖွယ်မရှိပါဘူး။

Ref: Georgia man slapped with $1.4M speeding ticket for driving 35 mph over limit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top