Nike ကုမ္ပဏီနဲ့ ချုပ်ဆိုမယ့် ဂျာစီစပွန်ဆာစာချုပ်ကြောင့် ပရီးမီးယားလိဂ်မှာ ဂျာစီစပွန်ဆာကြေး အမြင့်ဆုံးရရှိမယ့် လီဗာပူး

L3.jpg

လီဗာပူးအသင်းဟာ Nike ကုမ္ပဏီနဲ့ သဘောတူညီလိုက်တဲ့ ဂျာစီစပွန်ဆာစာချုပ်ကြောင့် ပရီးမီးယားလိဂ်မှာ ဂျာစီစပွန်ဆာကြေးအမြင့်ဆုံးရရှိတဲ့အသင်း ဖြစ်လာပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်ကစပြီး လီဗာပူးအမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ အကယ်ဒမီကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ လီဗာပူးဖောင်ဒေးရှင်းတွေမှာ Nike ဝတ်စုံကို ဝတ်ဆင်ရမှာပါ။

လီဗာပူးဟာ Nike ကုမ္ပဏီနဲ့ ချုပ်ဆိုမယ့်စပွန်ဆာစာချုပ်ကနေ တစ်နှစ်ကို ပေါင်သန်း(၈၀)ရရှိမှာဖြစ်ပြီး စာချုပ်ကာလ အတိအကျကိုတော့ မသိရသေးပါဘူး။ ဒီစာချုပ်ဟာ မန်ယူနဲ့ Adidas ကုမ္ပဏီ ချုပ်ဆိုတဲ့ တစ်နှစ် ပေါင်(၇၅)သန်းတန် ဂျာစီစပွန်ဆာစာချုပ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ဂျာစီစပွန်ဆာစာချုပ်ဖြစ်လာမှာပါ။ ဘာစီလိုနာနဲ့ Nike ကုမ္ပဏီရဲ့ (၁၀) နှစ်သက်တမ်းရှိတဲ့ ဂျာစီစပွန်ဆာစာချုပ်ကတော့ ကမ္ဘာ့ဘောလုံးလောကမှာ တန်ကြေးအမြင့်ဆုံး ဂျာစီစပွန်ဆာစာချုပ်ဖြစ်ပြီး တစ်နှစ်ကို ပေါင်သန်း (၁၀၀) ရရှိနေပါတယ်။ ဒုတိယနေရာမှာတော့ ရီးရဲလ်နဲ့ Adidas ကုမ္ပဏီရဲ့ ဂျာစီစပွန်ဆာစာချုပ် ရပ်တည်နေပြီး တစ်နှစ်လုပ်ခ ပေါင်(၉၈)သန်းနဲ့ (၁၀)နှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးအသင်းကို ဂျာစီစပွန်ဆာပေးလာတဲ့ New Balance ကုမ္ပဏီက လီဗာပူးနဲ့ ဆက်လက်ပူးပေါင်းခွင့်ရဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့ လီဗာပူးကတော့ New Balance ကုမ္ပဏီနဲ့ လမ်းခွဲပြီး Nike နဲ့ လက်တွဲခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top