ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းဟာ ကိုယ့်လက်ထဲမှာပါ

41555318_1377842532347489_607800600381358080_n.jpg

လူတစ်ယောက်ဟာ သူ့ရဲ့ အကျင့်စရိုက်တစ်ခုကို ပြုပြင်ဖို့ခက်ပါတယ်၊ ဘဝတစ်ခုလုံးရဲ့ နေထိုင်မှု စရိုက်ပုံစံဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ အကျင့်စရိုက်တစ်ခုကို ပြုပြင်လိုက်တယ်ဆိုတာ ခက်ခဲပေမဲ့ အကျိုးခံစားရတာက ထိုက်တန်ပါတယ်။ ဆမ်ရိုဝမ် (Sam Rouen) ကတော့ နေထိုင်မှုစရိုက်ပုံစံကို ပြောင်းလဲမှုရဲ့ တန်ဖိုးကို လူတိုင်းထက် ပိုသိနေမှာပါ။ သူရဲ့ဘဝကို သူ ဘယ်လိုပြောင်းလဲလိုက်တယ်ဆိုတာကို သင်တို့အခုသိရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။

ဆမ်ရိုဝမ်ဟာ ၂၀၀၉ ခုနှစ်က ”The biggest Loser” အစီအစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (The biggest Loser အစီအစဉ်ဆိုတာကတော့ ၁၂ ပတ်အတွင်း အလေးချိန် အများဆုံး လျော့ချနိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။) ဆမ်ဟာ အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်ဖြစ်ပြီးတော့ သူ့ရဲ့ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် တော်တော်လေး အဆင်မပြေ ဖြစ်နေခဲ့တာပါ။ အဲ့ဒီ အစီအစဉ်က သူ့ရဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ တွန်းအားတွေ ပေးခဲ့ပါတယ်။

ဆမ်ဟာ မူလတုန်းက ၁၅၄ ကီလိုဂရမ် (ပေါင် ၄၀၀ နီးပါး) ရှိနေခဲ့ပြီး The biggest loser အစီအစဉ်အတွင်းမှာ ၇၁ ကီလိုဂရမ် (၁၅၆ ပေါင်=သာမန်လူတစ်ယောက်ရဲ့ အလေးချိန်နီးပါး) လျော့ချ နိုင်ခဲ့ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးတဲ့နောက်မှာ ဆမ်ဟာ ဝိတ်ချတဲ့အစီအစဉ်ကို ဆက်လက်ပြုလုပ်နေခဲ့ပြီး သူရဲ့ ရည်ရွယ်ချက်က အသေခံ မီးသတ်တပ်သား ဖြစ်လာဖို့ပါ။ ၁၀ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့ သင်ဟာ ဆမ်ကို မမှတ်မိနိုင်တော့ပါဘူး။ ဆမ်ဟာ ညိုမွဲပြီး မာကျောလွန်းတဲ့ မီးသတ်တပ်သား တစ်ယောက်ဖြစ်နေပါပြီ။ သူရဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကြောင့် သူ့ရဲ့ အိပ်မက်တွေ အကောင်ထည်ပေါ်လာတဲ့အပြင် ကမ္ဘာကြီးကိုပါ ပိုမိုလုံခြုံစေခဲ့ပါပြီ။

ဆမ်ဟာ လေ့ကျင့်ခန်းတွေကို သေချာစွာ ပုံမှန်ပြုလုပ်ရင်း သူ့ရဲ့ ကိုယ်ခန္ဓာပုံစံကို ဆက်ထိန်းသိမ်းထားပါတယ်။ ”ကျွန်တော် လေ့ကျင့်ခန်းလုပ်ရတာကို စွဲလန်းနေပါပြီ။ ကျွန်တော့်အစ်ကိုနဲ့အတူ ပြေးရတာ၊ လေ့ကျင့်ခန်းလုပ်ရတာကို တော်တော်လေး နှစ်သက်ပါတယ်။ ကိုယ်ခန္ဓာပုံစံကို ထိန်းထားနိုင်တဲ့ လေ့ကျင့်ခန်းတွေကို အကုန်ကြိုက်ပါတယ်” လို့ပြောပါတယ်။

“အခုပိုစ့်ကို တင်ချင်ရဲ့လားလို့ သိပ်မသေချာပါဘူး၊ ၁၀ နှစ်တာကာလက ကျော်လွန်လာခဲ့ပါပြီ။ ကောင်းတာတွေ၊ ဆိုးတာတွေ အမြင့်ဆုံးတွေ အနိမ့်ဆုံးတွေကို ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်သိထားတာကတော့ ကျွန်တော်ဟာ အံ့ဩဖွယ်ရာလူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်ကလည်း အဲဒါကို တော်တော်လေး ကျေနပ်အားရပါတယ်” လို့သူရဲ့တွစ်တာအကောင့် စာမျက်နှာမှာ တင်ခဲ့ပါတယ်။ သူရဲ့ ပြောဆိုပြုမူပုံအရ သူဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ဆမ်ဟာ အချစ်ရေးမှာလည်း ကံကောင်းသူဖြစ်ပြီး သူရဲ့ချစ်သူ ဒန်နီယ်လာ (Daniella) နဲ့ စေ့စပ်ခဲ့ပါတယ်။ တစ်ခါတလေမှာတော့ ဆမ်ဟာ သူရဲ့ အကောင်းဆုံးပုံစံကို ရောက်ရှိနေတာတောင်မှပဲ သတိလွတ်သွားတာတွေ ရှိနေပါသေးတယ်။ ကမ်းခြေမှာ ရုတ်တရက် တီရှပ်ကို မချွတ်ရဲတာမျိုးပေါ့၊ သူ့ရဲ့တစ်ချိန်တုန်းက အငုံ့စိတ်တွေရှိနေသေးတယ်လို့ ဆိုပါတယ်။ ”သင်ဟာ သင့်ရဲ့ အနိမ့်ဆုံးအမှတ် မှာရောက်နေခဲ့တယ်ဆိုရင် ပြင်းပြင်ထန်ထန် တိုက်ခိုက်အနိုင်ယူပါ။ သင့်ကိုယ်သင် ပြန်လည် ဆယ်ယူနိုင်ပြီး သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ” လို့ ဆမ်ကပြောပါတယ်။

ဆမ်ရဲ့ ဘဝက အတုယူစရာပါ။ ၁၀ နှစ်အတွင်း သူရဲ့ဘဝကို ပြောင်းလဲပြနိုင်ခဲ့သလိုမျိုး သင်လည်းပဲပြောင်းနိုင်ပါတယ်။ အကျင့်ကောင်းလေးတွေက သင့်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဘဝက တိုတောင်းလွန်းပါတယ်။ သင်ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်ယူဖို့ အခုပဲ စတင်လိုက်ပါ။

Refrence: Shareably:”Teen win”The biggest Loser” 10 years later ,he is a hunky firefighter that changed his life”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top