စီးပွားရေးလုပ်ငန်းမှာ Extrovert နဲ့ Introvert သမားတွေရဲ့ ကွာခြားချက်

introverts-and-extroverts_stanciuc_GettyImages.jpg

Extrovert ကတော့ တက်ကြွပြီး ယုံကြည်ချက်အပြည့် ရှိသလို အများနဲ့ ပြောဆိုဆက်ဆံရတာကို ကြိုက်နှစ်သက်သူတွေပါ။ တစ်နည်းပြောရမယ်ဆိုရင် ဘွင်းဘွင်းပျော်ပျော်သမားတွေပေါ့။ Introvert ဆိုသူတွေကတော့ အရှက်အကြောက်ကြီးပြီး အခြားသူနဲ့ ရောရောနှေနှော မနေတတ်သူတွေဖြစ်ပါတယ်။ ဒီလိုမျိုး မတူကွဲပြားတဲ့ အကျင့်စရိုက်ပိုင်ရှင်တွေက စီးပွားရေးလုပ်ကိုင်ရာမှာကော ဘယ်လို ကွာခြားချက်တွေ ရှိနေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ (Extrovert သမားတွေ) က အခြားသူတွေနဲ့ အတူတူရှိနေရင် ခွန်အားဖြစ်သလို ခံစားရပြီး လူတွေနဲ့ မပေါင်းသင်းရ မနေနိုင်ဆိုသူတွေ ဖြစ်ကြပါတယ်။ ဩဇာတိက္ကမရှိပြီး ကိုယ့်ကို လူချစ်လူခင်များတဲ့အတွက် ငွေရှာရတာ လွယ်ကူစေပါတယ်။ ဒါပေမဲ့ လုပ်ငန်းစပျိုးကာစမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၁၈ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်တာများလို့ risk နည်းနည်းတော့ ယူရမှာ ဖြစ်ပါတယ်။ စီးပွားရေးရေရှည်တည်တံ့ဖို့ဆိုရင် လူချင်းတွေ့ဆုံပြီး ပြောဆိုဆွေးနွေးတတ်မှုတွေက အရေးပါတာကြောင့် ဒီလိုလူမျိုးတွေအတွက် မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတာက အလွယ်လေးပါပဲ။ အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေသူတွေ ဖြစ်ပါတယ်။

Extrovert သမားတွေအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့ စိတ်ရှည်လက်ရှည် နားထောင်နိုင်စွမ်းရည် ဖြစ်ပါတယ်။ သူတို့တွေက တစ်ခုတည်းကို အာရုံစိုက်နိုင်စွမ်း နည်းကြလို့ မိနစ် ၅၀ လောက် ခေါင်းစားအောင် အလုပ်လုပ်ပြီးရင် ၁၀ မိနစ်လောက်က အနားယူချင်သူတွေ ဖြစ်ကြပါတယ်။

တစ်ကိုယ်တည်းနေရတာ ကြိုက်တဲ့ Introvert သမားတွေမှာတော့ အများနဲ့ ရောနှောရတာကိုက သူတို့အတွက် စိတ်ပင်ပန်းစေတဲ့ အရာ ဖြစ်နေပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းကြသူတွေဖြစ်လို့ အလုပ်ချိန်ပြင်ပမှာ ဝါသနာပါရာတွေကို အချိန်ပေးပြီး လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တတ်သူတွေဖြစ်လို့ ဘဝမှာရလာတဲ့ သင်ခန်းစာတွေကနေ အလုပ်ကို ပိုကောင်းအောင် လုပ်တတ်ကြပါတယ်။ အုံ့ပုန်းနေတတ်သူတွေဖြစ်လို့ အလုပ်မှာ စိတ်နှစ်ပြီး အာရုံစိုက်ကြပါတယ်။ စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်သူတွေ ဖြစ်လို့ တိကျမှုများပြီး အမှားနည်းသူတွေ ဖြစ်ပါတယ်။

Introvert တွေကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေကတော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ တူတူရှိချိန် စိတ်တွေရှုပ်လာပြီး စဉ်းစားရမထွက် ဖြစ်တတ်ကြပါတယ်။ ဒီလိုလူတွေအတွက်ကတော့ ကိုယ့်ကို အနှောင့်အယှက် မပေးသင့်တဲ့ အချိန်တွေကို တခြားသူတွေသိအောင် ပြောထားဖို့ပါပဲ။ လူရှေ့ထွက်ရတာ ကြောက်တတ်သူတွေဖြစ်လို့ အစည်းအဝေးပွဲတွေ မတိုင်ခင် စကားပြောအဆင်ပြေမပြေဆိုတာကို ကြိုတင်ပြင်ဆင်ထားရပါတယ်။

Extrovert နဲ့ Introvert နှစ်ဦးစလုံးမှာ အားနည်းချက် အားသာချက် အနည်းအများစီ ရှိကြတာမို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အားနည်းချက်ကို သတိမူပြီး နည်းနည်းချင်း ပြောင်းလဲသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Ref: newsrepublic.net “Extrovert or Introvert:What Personality Type Means In Business”

Alice May ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top