သဘာဝလက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြမယ်

yyl-020-3.jpg

ရောဂါပိုးမွှားတွေနဲ့ ဖုံထူတဲ့ပတ်ဝန်းကျင်မှာ နေရတဲ့အတွက် ကျွန်တော်တို့ရဲ့ အိတ်ထဲမှာ အမြဲတမ်းဆောင်ထားဖြစ်တာက လက်သန့်ဆေးရည်ပါပဲ။ ညစ်ပတ်တဲ့အရာတစ်ခုခုကိုင်လိုက်လို့ လက်ကို ရေ၊ ဆပ်ပြာတွေနဲ့ သန့်စင်တဲ့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်က ပြောင်းသွားပါပြီ။ အခုဆိုရင် အဲဒီအစား လက်သန့်ဆေးရည်ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့တွေကို လက်ကနေတဆင့် ရောဂါပိုးမွှားမကူးစက်အောင်၊ ဖျားနာမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်အများစုက လူတိုင်းရဲ့အသားရေနဲ့ မကိုက်တဲ့ အယ်လ်ကိုဟောပါဝင်ကြပါတယ်။ ဒါကြောင့် အသားရေနဲ့ ဓာတ်မတည့်မှုတွေမဖြစ်အောင် အကုန်အကျလည်းသိပ်မများတဲ့ လက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ်။ စာဖတ်ပရိသတ်တွေလည်း အိမ်မှာ ကိုယ်တိုင်လုပ်လို့ရအောင် လက်သန့်ဆေးရည်လုပ်နည်းလေးကို မျှဝေပေးလိုက်ရပါတယ်။

ဆီအနည်းငယ်နဲ့ အဆင်သင့်အသုံးပြုလို့ရတဲ့ သဘာဝလက်သန့်ဆေးရည်ပြုလုပ်လို့ရပါတယ်။ ထူးခြားတာက အခြားလက်သန့်ဆေးရည်တွေလို အယ်လ်ကိုဟောမပါဝင်တာကြောင့် အသားရေခြောက်သွေ့မသွားစေပါဘူး။ အိမ်မှာ ကိုယ်တိုင်လက်သန့်ဆေးရည်လုပ်ဖို့ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေက

– ဟေဇယ်အဆီအနှစ် (Witch Hazel)

– ရှောင်စောင်းလက်ပက်

– မရှိမဖြစ်ဆီ (လက်ဖက်စိမ်းဆီ၊ တမာဆီ၊ လေးညှင်းဆီ)

– ပုလင်းအသေး (၁) လုံး

လက်သန့်ဆေးရည်ကို ဘယ်လိုလုပ်မလဲ

ရောနှောဖော်စပ်ဖို့ ပြင်ဆင်တဲ့အခါ ပန်းကန်လုံး (၁) လုံးထဲကို ရှားစောင်းလက်ပက် (စားပွဲတင်ဇွန်း (၂-၃) ဇွန်း) ထည့်ပါ။ အဲဒီနောက် ဟေဇယ်အဆီအနှစ်အနည်းငယ်နဲ့ သင်ကြိုက်နှစ်သက်တဲ့ မရှိမဖြစ်ဆီအနည်းငယ်တို့ကို ပေါင်းထည့်လိုက်ပါ။ မပြင်းဘဲ ပျော့တဲ့ဆီကို အသုံးပြုရင်တော့ ဘတ်တီးရီးယားပျံ့နှံ့မှုကို တိုက်ဖျက်ပေးပါလိမ့်မယ်။ အရောအနှောတွေကို သမအောင်မွှေပြီးသွားရင်တော့ သင် အသုံးပြုမယ့်ပုလင်းထဲကို ပြောင်းထည့်လိုက်လို့ရပါပြီ။ ဒါပြီးရင်တော့ ကိုယ်တိုင်လုပ်တဲ့သဘာဝလက်သန့်ဆေးရည်ကို အသုံးပြုလို့ရသွားပါပြီနော်။ လက်သန့်ဆေးရည်ကို အရမ်းပျစ်နေတာ မကြိုက်ရင် ရေအနည်းငယ်ထည့်ပေးလို့ရပါတယ်။

လက်သန့်ဆေးရည်ကို စနစ်တကျအသုံးပြုနည်း

ရောဂါပိုးမွှားတွေ ဖယ်ရှားဖို့အတွက် သင့်လက်ဖဝါးထဲကို ဆေးရည်အနည်းငယ်ထည့်ပြီး လက်တစ်ခုလုံး နှံ့သွားအောင် ပွတ်ပေးပါ။ လက်သန့်ဆေးရည် လုံးဝခြောက်သွားတဲ့အထ် စောင့်ပေးပါ။ လက်သန့်ဆေးရည်သုံးပြီးသွားရင် လက်သန့်စင်တာ၊ သုတ်ပစ်တာတွေမလုပ်မိပါစေနဲ့နော်။

Ref: Make your own homemade hand sanitizer with just 3 ingredients!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top