လေ့ကျင့်ခန်းလုပ်တတ်တဲ့ အလေ့အကျင့်ရရှိလာနိုင်ဖို့ နည်းလမ်း ၃ခု

yyl-health-02.png

၂၀၁၂ ခုနှစ် စစ်တမ်းကောက်ယူချက်များအရ လူတော်တော်များဟာ အမြဲတမ်း လုပ်ဆောင်နေမယ့် လေ့ကျင်ခန်းလုပ်တတ်တဲ့ အကျင့်ကို တည်ဆောင်ချင်ကြပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တကယ်လုပ်နေတာနဲ့ လေ့ကျင့်ခန်းလုပ်တတ်တာက ကွာခြားတဲ့အရာ (၂) ခုပါ။ ကိုယ့်ရဲ့ ပင်ကိုယ်မူလအကျင့်ကို ဖျောက်ဖျက်ရခက်ခဲပါတယ်။
ဘဝနေထိုင်မှုအသစ်မှာ နေထိုင်ဖို့ ပြောင်းလဲရတာလည်း ခက်ခဲပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တတ်တဲ့ အကျင့်ကလေးတွေကို ရနိုင်ဖို့ နည်းဗျူဟာလေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ လေ့ကျင့်ခန်းလုပ်တတ်တဲ့အကျင့်ရရှိဖို့ နည်းလမ်း (၃)ခု ဖြစ်ပါတယ်။

၁။ ပုံမှန်လုပ်မယ့် လေ့ကျင်ခန်းအတွက် အလေ့အကျင့်ကို စတင်သတ်မှတ်ပါ။

အလေ့အထဆိုတာက သင့်တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ပြီးလုပ်ဆောင်နေတဲ့အရာတွေပါ။ သင့်ရဲ့ အပြုအမူတွေလည်းဖြစ်ပြီးတော့ သင်တစ်ကြိမ်ပြီးတစ်ကြိမ် စတင်လုပ်ဆောင်နေတဲ့အရာပါ။ တစ်နည်းအားဖြင့် သင့်စမလုပ်မခြင်းတော့ အဲ့ဒီအရာက သင့်ရဲ့ အလေ့အထဖြစ်လာမှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်တတ်တဲ့ အလေ့အထကို ရရှိနိုင်ဖို့အတွက် သင့်အနေနဲ့ စတင်လုပ်ဆောင်မှာသာ ဖြစ်မှာပါ။ ဆိုလိုတာက သင်ဟာဒီအရာကို စတင်လုပ်ဆောင်ဖို့ လွယ်သွားပြီဆိုရင်တော့ သင့်အနေနဲ့ ဒီအလေ့အထကို တည်ဆောက်ဖို့လွယ်သွားပြီဖြစ်တယ်။
အဲ့ဒါကြောင့်မို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ လေ့ကျင့်ခန်းလုပ်တာကို မသိမသာ ထည့်နိုင်သွားတာနဲ့ နောက်ထပ်လုပ်ဆောင်ဖို့ လွယ်ကူသွားပြီဖြစ်ပါတယ်။ သင့်ရဲ့ အချိန်ဇယားထဲမှာ ကိုယ်လုပ်နေကျအလေ့အထရဲ့ အပေါ်မှာ ထည်းထားပြီးတော့သင့်ရဲ့ လေ့ကျင့်ခန်း လုပ်တတ်တဲ့ အကျင့်ကို မွေးမြူနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် သင့်ရဲ့စိတ်ဆန္ဒအရ အောက်ပါ ကွက်လပ်လေးကို ဖြည့်နိုင်ပါတယ်။ “နောက်အပတ်အတွင်း (………) နေ့ (………)ဒီအချိန် (…….) ဒီနေရာမှာ လေ့ကျင့်ခန်းလုပ်ပါမယ်။” သုတေသနများအရ ဒီကွက်လပ်ကို ၂ကြိမ် ကနေ ၃ကြိမ်ထိ ဖြည့်တဲ့သူများက လေ့ကျင့်ခန်းတွေကို ကြာကြာလုပ်သွားလေ့ရှိကြတယ်လို့ပြောကြပါတယ်။ စိတ်ပညာအရ အသုံးချရန် ရည်ရွယ်ခြင်း (Implementation Intention) ဆိုတဲ့ အယူအဆလို့ခေါ်ပါတယ်။

၂။ ရယ်ဖို့ကောင်းရလောက်အောင် သေးငယ်တဲ့ လေ့ကျင်ခန်းနဲ့ စတင်လိုက်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ရနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ စိတ်မပါရင်တောင် လုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးနဲ့ စတင်သင့်ပါတယ်။ Leo Babauta ရဲ့စကားအရ မလုပ်တော့ဘူးလို့ မပြောနိုင်ရလောက်အောင် လွယ်လွန်းတဲ့ အလုပ်နဲ့ စတင်လိုက်ပါ။စစပိုင်းမှာ သင့်အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုကို ပြောပြပါရစေ။
ဒါကတော့ ရိုးရှင်းပါတယ်။ လေ့ကျင်ခန်းပြင်းပြင်းထန်ထန်မလုပ်ခင် သင် ၂မိနစ်လောက် လုပ်နိုင်မယ့် အလုပ်တစ်ခုကို ရှာဖွေဖို့ ပစ်မှတ်ထားပါ။ ပြေးဖို့အတွက် စိတ်အားထက်သန်မှုကို ရှာနေပါသလား။ ရေဗူးထဲကို ရေဖြည့်ပြီးတော့ အားကစားဖိနပ်ကို ဝတ်ထားလိုက်ပါ။ ဒါကိုဘဲ ဒီနေ့ လေ့ကျင့်ခန်းလုပ်ပြီးပြီလို့ သတ်မှတ်လိုက်ပါ။ ဒီ ၂မိနစ်လေးက သင့်ရဲ့ အလုပ်တွေကို ပြီးအောင် ကူညီပေးမယ့် လုံလောက်တဲ့ တွန်းအားပေးမှု ဖြစ်သွားနိုင်ပါတယ်။

၃။ အလေ့အထတစ်ခုကို အာရုံစိုက်ပြီးမှ ရလာဒ်ကို နောက်မှတွေးပါ။

အစာလျော့စားဖို့နဲ့ လေ့ကျင်ခန်းလုပ်ဖို့ ကြိုးစားနေကြတဲ့သူတွေဟာ ရလာဒ်ကို ဦးစားပေးလုပ်ကြပါတယ်။ လူတော်တော်များများက “နောက် ၄ လအတွင်းပေါင် ၂၀ ချမယ်။” သို့မဟုတ် “အခုကစပြီး နောက် ၆ လထိ ပေါင် ၅၀ချမယ်” ဆိုပြီး ပန်းတိုင်တွေ ချတတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့ ချဉ်းကပ်မှုတစ်ခုပါ။ ပန်းတိုင်ကို ချတာထက် နည်းစနစ်ကို အာရုံစိုက်တာက ပိုပြီးတော့ ကောင်းပါတယ်။
စစချင်းမှာ အရေးကြီးတာက သင့်ရဲ့ကျသွားမယ့်အလေးချိန်ပန်းတိုင်ထက် ပုံမှန်နဲ့ နေ့စဉ်လုပ်နေတဲ့အရာတစ်ခုဖြစ်သွားဖို့က ပိုအရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ပထမ ၆လမှာ သင်ဟာ လေ့ကျင့်ခန်းကို မပျက်မကွက် လုပ်ဖြစ်နေတာက ပိုပြီးတော့အရေးကြီးပါတယ်။ သင်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်တော့မှမပျက်ကွက်တဲ့သူတစ်ယောက်ဖြစ်လာရင် ဒီထက်ပိုပြီးတိုးတက်အောင် သင်လုပ်ဆောင်နိုင်ပါတယ်။

အဖြစ်အပျက်တစ်ခုကို ဝေမျှပါရစေ။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ မစ်ချ်ဆိုတဲ့လူတစ်ယောက်ရှိတယ်။ စစချင်းမှာကတော့ သူက အားကစာခန်းမထဲမှာ ၅မိနစ်ထက်ကို ပိုမနေနိုင်ဘူး။ ဒါပေမယ့် သူနေတိုင်သွားတယ်။ ၆မိနစ်ထက်ကို ပိုမနေဘူး။ ဒါပေမယ့်သူက အားကစားခန်းမကို သွားဖို့မပျက်ကွက်ရေးအတွက်သာ အာရုံစိုက်တယ်။ ၁လ၊ ၂လလောက်ကြာတော့ အားကစားခန်းမကိုသွားတဲ့ အလေ့အကျင့်လေးတစ်ခုရလာပြီးတော့ ပိုပြီးခက်ခဲတဲ့ လေ့ကျင့်ခန်းကို လုပ်လာခဲ့တယ်။ အခုဆိုရင် မစ်ချ်က ပေါင် ၁၀၀ကျော် ကျသွားပါပြီ။ ဒါဟာ အားကစားလုပ်ခြင်းရဲ့ အကျိုးရလာဒ်ဆိုတာထက် အားကစားခန်းမကို သွားတတ်တဲ့အလေ့အကျင့်လို့ပြောရင် ပိုမှန်ပါတယ်။ တစ်ခါတည်းနဲ့လည်း အစာအသောက်နဲ့ ဘဝနေထိုင်မှုပုံစံမျိုး ပြောင်းလဲသွားလို့လည်းပြောနိုင်ပါတယ်။

သင့်ရဲ့ လေ့ကျင့်ခန်းလုပ်တတ်တဲ့ အလေ့အကျင့်ကို ရပြီဆိုတာနဲ့ သင့်အနေနဲ့ တိုးတက်အောင်လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရလာမှာပါ။ အလေ့အထမရှိဘဲနဲ့တော့ ဘယ်ဗျူဟာကမှ အသုံးမဝင်ပါဘူး။ အလေ့အထကိုအရင်မွေးမြူပြီးမှ ရလာဒ်အတွက် စဉ်းစားပါ။

Ref: Jamesclear: Exercise habit
ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top