ထိုင်းနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးကို အလှူငွေထည့်ဝင်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

yyl-021-4.jpg

ဟောလိဝုဒ်ထိခြေဆန့်အောင်မြင်နေတဲ့ ကိုရီးယားအဖွဲ့ BLACKPINK ဟာ ယောကျ်ားလေးပရိသတ်တွေကော၊ မိန်းကလေးပရိသတ်တွေပါ သည်းသည်းလှုပ်ကြိုက်နှစ်သက်ကြတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီအဖွဲ့က အမိုက်စားကောင်မလေးချောချောလေး (၄) ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပရိသတ်တွေ မသိတဲ့သူမရှိလောက်ပါပဲ။ မကြာသေးခင်က အဲဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီဆာ (Lisa) က ထိုင်းနိုင်ငံဖွားဖြစ်တဲ့အတွက် အမိမြေရဲ့ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။

လီဆာက ထိုင်းနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ထိုင်းမင်းသားကြီး ဘင် ဘန်လူအာရစ် (Bin Bunluerit) ရဲ့ရန်ပုံငွေအဖွဲ့ကို ($4000) လှူဒါန်းခဲ့ပါတယ်။ အဲဒီလိုလှူဒါန်းခဲ့ကြောင်းကို လီဆာရဲ့ဆွေမျိုး အန်နုဆာ ကွိုင် (Anusa Koi) က ပြောခဲ့တာဖြစ်ပါတယ်။

ကွိုင်က သူ့ရဲ့တွစ်တာအကောင့်မှာ လှူဒါန်းထားတဲ့ဘဏ်ပြေစာကို ” ကလေးမလေး (လီဆာ) က ရေဘေးသင့်ဒဏ်ကိုခံခဲ့ရတဲ့လူတိုင်းကို နည်းနည်းပါးပါးကူညီပေးချင်ခဲ့ပါတယ်။ အရာအားလုံးအဆင်ပြေစွာနဲ့ ဆောင်ရွက်နိုင်မယ်ဖို့ သူမျှော်လင့်နေတယ်” ဆိုတဲ့စာသားလေးနဲ့ တင်ခဲ့တဲ့အပြင် #CareFromTheAwayLand) ဆိုတဲ့ Hashtag ကိုလည်း သုံးထားပါတယ်။

Ref: AsiaOne “Blackpink’s Lisa donates $4,000 to Thailand flood-relief fund

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top