Apple မှ မြန်မာနိုင်ငံတွင် အူရီဒူးနှင့် ပူးပေါင်းပြီး iPhone 11, 11 Pro နှင့် 11 Pro Max တို့ကို စတင်ဝယ်ယူနိုင်ခြင်းနှင့် အူရီဒူး VIP အစီအစဉ်တွင် iPhone 11 ကံထူးနိုင်သည့်အခွင့်အရေးပေးအပ်

Ooredoo-Apple-Artwork.jpg

အူရီဒူးသည် Apple ၏ နောက်ဆုံးပေါ် မိုဘိုင်းဟန်းဆက်များဖြစ်သော iPhone 11, iPhone 11 Pro နှင့် iPhone 11 Pro Max တို့ကို ယနေ့၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့တွင် ဈေးကွက်ထဲတွင် စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ အဆိုပါဖုန်းများသည် နောက်ဆုံးပေါ် အဆင့်မြင့် iPhone များဖြစ်ပြီး iPhone 11 တွင် dual ကင်မရာ ပုံစံသစ်နှင့်အတူ အဆင့်မြင့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားပါသည်။

အူရီဒူး နှင့် Apple တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် iPhone 11, iPhone 11 Pro နှင့် iPhone 11 Pro Max တို့ကို မြန်မာပလာဇာ၊ ပန်းဆိုးတန်းနှင့် ဘုန်းကြီးလမ်းတို့ရှိ အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ ဒါ့အပြင် My Ooredoo App ရှိ အူရီဒူး VIP အစီအစဉ်တွင်လည်း iPhone 11 ကို ကံထူးနိုင်မည့်အခွင့်အလမ်းကိုပါ ပေးအပ်ထားကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top