realme 10 Series ကို နိုဝင်ဘာလအတွင်း မိတ်ဆက်ပေးမည်

31-10-2022-yyl-21.jpg

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က အားလုံးမျှော်လင့်စောင့်ဆိုင်းနေကြသည့် realme 10 Series သစ်ကို နိုဝင်ဘာလအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း Twitter လူမှုကွန်ယက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။ realme (India) ၏ CEO နှင့် realme global ၏ ဒု-ဥက္ကဌဖြစ်သူ မဒဗ်ဆက်က ၎င်း၏ Twitter မှတစ်ဆင့် realme 10 Series အနေဖြင့် စွမ်းဆောင်ရည်ပိုင်း၊ မျက်နှာပြင်ပိုင်းနှင့် ထုတ်ကုန်ဒီဇိုင်းပိုင်းတို့တွင် ကြီးမားသည့်ပြောင်းလဲမှုတို့ဖြင့်ပေါ်ထွက်လာမည်ဖြစ်ကြောင်း အသိပေးပြောဆိုသွားခဲ့သည်။

realme ၏ ပင်မထုတ်ကုန်အမျိုးအစားဖြစ်သော realme နံပါတ်စဉ်စီးရီးသစ်မှာ အဓိကကျောထောက်နောက်ခံအဖြစ် ထိပ်တန်းအဆင့်မြင့် နည်းပညာများ ထည့်သွင်းထုတ်လုပ်ထားမည်ဖြစ်သည်။ realme 10 ထုတ်ကုန်သစ်မှာ သူ့ထုတ်ကုန်အမျိုးအစားအလိုက် ယှဉ်ပြိုင်မှုမှတစ်ဆင့် အဆန်းသစ်ဆုံးသော နည်းပညာများကို ထည့်သွင်းပေးထားမည်ဖြစ်သည့်အတွက် နောက်ထပ် သတင်းအချက်အလက် အသေးစိတ်များကို ဆက်လက်စောင့်ကြည့်လေ့လာရန်လည်း တိုက်တွန်းထားသည်။ ထို့အပြင် realme 10 နှင့် realme 10 Pro+ ထုတ်ကုန်တို့နှင့်ပတ်သက်သည့် အချက်အလက်အချို့မှာလည်း နည်းပညာသတင်းဝက်ဘ်ဆိုက်တချို့တွင် အောက်တိုဘာလအတွင်းမှ စတင်ကာ ဖော်ပြရေးသားမှုများလည်း ရှိလာခဲ့ပြီဖြစ်သည်။

realme အကြောင်း

realme မှာ နောက်ဆုံးပေါ်နည်းပညာများကို ပိုမိုထိတွေ့နိုင်စေရန်လုပ်ဆောင်ခြင်းဖြင့် စမတ်ဖုန်းနှင့် AIoT ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာသော တစ်ကမ္ဘာလုံးဆိုင်ရာ တက်သစ်စသုံးစွဲသူနည်းပညာကုမ္ပဏီတစ်ခု ဖြစ်သည်။ realme အနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းမျိုးဖြင့် လူငယ်သုံးစွဲသူများအတွက် အဆင့်မြင့်အချက်အလက်များ၊ အရည်အသွေးနှင့် နောက်ဆုံးပေါ်ဒီဇိုင်းတို့ပေါင်းစပ်ထားသည့် လူနေမှုဘဝဆိုင်ရာနည်းပညာပစ္စည်းများနှင့် စမတ်ဖုန်းအမျိုးမျိုးတို့ကို ဖန်တီးထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

၂၀၁၈ခုနှစ်တွင် Sky Li က စတင်တည်ထောင်ပြီး “စွန့်စားကျော်ဖြတ်မည့် စိတ်ဓာတ်ဖြင့်” မောင်းနှင်ထားကာ realme မှာ ၃နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းလုံးရှိ ဈေးကွက် ၃၀တွင် ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ ၅ ဉီးထဲမှ တစ်ဉီးဖြစ်လာခဲ့သည်။ realme မှာ တရုတ်၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဥရောပ၊ ရုရှား၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနှင့် အာဖရိကတို့အပါအဝင် ကမ္ဘာတစ်ဝန်းလုံး ဈေးကွက် ၆၁ခုကို ဝင်ရောက်ထားပြီဖြစ်ပြီး တစ်ကမ္ဘာလုံးသုံးစွဲသူအရေအတွက် သန်း ၁၄၀ ကျော်အထိရှိနေပြီဖြစ်သည်။

အသေးစိပ်အချက်အလက်များအတွက် www.realme.com ကိုဝင်ရောက်လေ့လာနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top