Goblinဇာတ်လမ်းတွဲပြီးကတတည်းက စိတ်ပိုင်းဆိုင်ရာခံစားနေရကြောင်း ဝန်ခံလိုက်တဲ့ Gong Yoo

gong-yoo.jpg

GongYoo က Goblin ဇာတ်လမ်းတွဲထဲမှာ အထီးကျန်ဆန်တဲ့နတ်ဘုရားအဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပြီးလို့ ပုံမှန်လူနေမှုဘဝကိုပြန်ရောက်သွားတဲ့အခါ သူရဲ့လူသားသဘာဝအခက်အခဲအချို့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။

မကြာသေးမီက Elle Korea ရဲ့အသစ်ထွက်ရှိမယ့် ဖက်ရှင်မဂ္ဂဇင်းစာအုပ်မှာ Gong Yooက Goblin ဇာတ်လမ်းတွဲတင်မက တခြားဇတ်လမ်းတွဲတွေရိုက်နေရလို့ သူ့အတွက်ပင်ပန်းခက်ခဲတဲ့နှစ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Goblin ရိုက်ကူးမှုပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ကြီးကြီးမားမားခံစားခဲ့ရတယ်လို့ အင်တာဗျူးမှာဝန်ခံခဲ့ပါတယ်။ GongYoo ဟာ နာကျင်ခံစားမှုအလုံးစုံကို တစ်ပြိုင်နက်တည်းခံစားခဲ့ရတယ်လို့ပြောပြခဲ့ပြီး
” အလုပ်နဲ့ပင်ပန်းမှုတွေအားလုံးအဆုံးသတ်ချိန်မှာ ကျွန်တော်အရုပ်ကြိုးပြတ် မတတ်ပါဘဲ။ အလုပ်တွေအားလုံးပြီးမှပဲ ဖျားနာမှုတွေနဲ့ စိတ်ဖိစီးမှုတွေပေါ့သွားသလို ခံစားရတယ်။”

2017 ခုနှစ် BaekSang အနုပညာဆုပေးပွဲ (BaekSang Arts Awards) မှာ Gong Yooက ဒီနှစ်က သူ့အတွက် ဘယ်လောက်ပင်ပန်းခက်ခဲကြောင်း သွယ်ဝိုက်ပြောသွားပါတယ်။
” ကျွန်တော် ဒီစင့်မြင့်ပေါ်မှာ ရပ်ဖို့ကြောက်နေပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိသေးပါဘူး။ A Man and A Woman ဇာတ်လမ်းတွဲမှာ ကျွန်တာ်မထင်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့မိတယ်။ Train to Busan ဇာတ်ကားမှာ တစ်စုံတစ်ယောက်အတွက်ကျွန်တော် Zoombie တစ်ကောင်ဖြစ်ခဲ့တယ်။ ပြီးတော့ The Age of Shadows ဇာတ်ကားမှာ ကျွန်တော့်နိုင်ငံအတွက်တိုက်ခိုက်ပေးခဲ့တယ်ဗျ။ ပြီးခဲ့တဲ့ ၂ နှစ်တွင်းမှာ ကျွန်တော့် ဇာတ်ရုပ်ကတော်တော်စုံနေပြီ။”

GongYoo ဟာ အနုပညာလောကမှာ သူ့ရဲ့လမ်းကြောင်းကိုရှာဖွေဖို့ကြိုးစားနေကြောင်း ဆုလက်ခံပြီးချိန်မှာပြောကြားခဲ့ပါတယ်။ ” ကျွန်တော်ဒီရက်တွေမှာ ကျွန်တော်ကဘယ်သူလဲ၊ အခု ကျွန်တော်ဘယ်နေရာမှာရပ်တည်နေလဲ၊ ကျွန်တော်ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆိုတာတွေတွေးပြီးစိတ်ရှုပ်ထွေးနေရပါတယ်။ အခုဒီဆုကို လက်ခံရရှိလိုက်တာက ကျွန်တော်ဒီလိုမျိုးဦးတည်ချက်ပျောက်နေတာကို ရပ်သင့်ပြီလို့ပြောတာနဲ့တူပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ Gong Yoo ရဲ့ သူ့ဘဝအကြောင်း ပွင့်ပွင်းလင်းလင်း ပြောဆိုခဲ့မှုနဲ့ပတ်သတ်ပြီး သနားချစ်ခင်စွာနဲ့တုံ့ပြန်ခဲ့ကြပြီး သူ့ရဲ့ကြိုးစားမှုကိုချီးကျူးကြပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ Gong Yoo တစ်ယောက် စိတ်ဖိစီးမှုလျော့ပြီး အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့လည်းပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

May Moe (ရိုးရာလေး)

Ref : Koreaboo : Gong Yoo Confesses He’s Been Mentally Suffering

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top