၈ နှစ်အကြာ ဇာတ်လမ်းတွဲသစ်မှာ အတူပါဝင်သရုပ်ဆောင်မယ့် Mark Prin နဲ့ Kimmy Kimberley တို့ဇနီးမောင်နှံ

kin.jpg

အပြင်လက်တွေ့ဘဝက ဇနီးမောင်နှံဖြစ်တဲ့ ထိုင်းမင်းသား Mark Prin နဲ့ ထိုင်းမင်းသမီး Kimmy Kimberley တို့ဟာ ဇာတ်လမ်းတွဲအသစ် “Police Sri Siam” မှာ အတူပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူတို့နှစ်ဦးအတူ သရုပ်မဆောင်ဖြစ်တာ ၈ နှစ်ရှိပါပြီ။

Kim က ဒီဇာတ်လမ်းတွဲမှာ ဝတ်ဆင်မယ့် အဝတ်အစားနဲ့အတူဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။ မင်းသား Mark Prin ကလည်း မကြာသေးခင်က တက်ရောက်ခဲ့တဲ့ ပွဲတစ်ပွဲမှာ သူ့ဇနီးနဲ့အတူ ပါဝင်ရမယ့် ဒီဇာတ်လမ်းတွဲအကြောင်း ပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲသစ်က ၁၉၅၇ ခုနှစ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ပထမမျိုးဆက်ရဲမေတွေ ဆောင်ရွက်ရတဲ့ တာဝန်တွေအကြောင်းဖြစ်ပါတယ်။

Ref: Mark Prin and Kimmy Kimberley Reunited After 8 Years in the upcoming Rom-Com Drama

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top