Song – Song စုံတွဲ ကွာရှင်းပြတ်စဲမှုကြောင့် အခက်ကြုံနေရတဲ့ “Descendants of The Sun” အပန်းဖြေဥယျာဉ်

Screen-Shot-2019-06-30-at-12.56.00-PM.png

ကိုရီးယားဆယ်လီစုံတွဲ ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂိုတို့ ကွာရှင်းပြတ်စဲတော့မယ်ဆိုတဲ့ သတင်းကို မကြာသေးခင်ကမှ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရုံသာမက ကိုရီးယားနိုင်ငံရဲ့ထယ်ဘေ့ မြို့ (TaeBaek) မှာ တည်ဆောက်ထားတဲ့ DOTS အပန်းဖြေဥယျာဉ်ကိုလည်း အခက်ကြုံစေခဲ့တယ်လို့ သိရပါတယ်။

DOTS အပန်းဖြေဥယျာဉ်က ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂိုတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Descendants of The Sun နာမည်ကြီးဒရမ်မာကို အစွဲပြုပြီး ဖွင့်ထားတာဖြစ်ပါတယ်။ အဲဒီအပန်းဖြေဥယျာဉ်ဟာ သူတို့နှစ်ယောက် လက်ထပ်လိုက်တဲ့အခါမှာ ပိုပြီးထူးခြားသိသာလာခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ (၂၃၀၀၀၀) အကုန်အကျခံပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီဥယျာဉ်မှာ တစ်နေ့လုံးလည်ပတ်မယ်ဆိုရင် လူတစ်ဦးကို အမေရိကန်ဒေါ်လာ (၁၆၅) ကုန်ကျပါတယ်။ ဒရမ်မာထဲက ရိုက်ကွင်းနေရာတွေကို သွားလည်လို့ရသလို ဒရမ်မာထဲက စစ်ဝတ်စုံတွေကိုလည်း ဝတ်ဆင်လို့ရပါတယ်။ ဥယျာဉ်ရဲ့ အထင်ကရရုပ်တုလို့ ပြောလို့ရတဲ့ အနမ်းပေးနေတဲ့စုံတွဲရုပ်တုကြီးနဲ့လည်း ဓာတ်ပုံရိုက်လို့ရပါတယ်။ ဒရမ်မာထဲမှာ ပါဝင်တဲ့ အနမ်းခန်းတွေထဲက တစ်ခုကို အဲဒီရုပ်တုနဲ့ ပုံဖော်ထားတာပါ။

ဆောင် – ဆောင်တို့အတွဲ ကွာရှင်းမှုက လာရောက်လည်ပတ်မှုနှုန်းပေါ်သက်ရောက်တာကြောင့် အဲဒီအပန်းဖြေဥယျာဉ်ရဲ့ နေ့စဉ်ကျင်းပနေကျ စုံတွဲပွဲတော်ကို အခုနှစ်မှာ ဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီပွဲကို နှစ်တိုင်း ဇူလိုင်လမှာ ကျင်းပတာဖြစ်ပြီး ဒါကို ဖျက်သိမ်းလိုက်တာက ပထမဆုံးအကြိမ်ပါပဲ။

ပွဲစီစဉ်သူက “ကျွန်တော်တို့ Taebaek Couple Festival ကို ဖျက်သိမ်းလိုက်ပါပြီ။ ပွဲကို ဖျက်သိမ်းမှာက ကောင်းမကောင်းဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီကိစ္စကို ဆက်လက် ဆွေးနွေးသွားမှာပါ” လို့ ပြောပါတယ်။

အဲဒီပွဲက ၂၀၁၇ခုနှစ်မှာ လည်ရောက်လည်ပတ်သူ ၁၂၀၀၀ ခန့် ရှိခဲ့ပြီး ထိုင်ဝမ်နိုင်ငံနဲ့ တရုတ်နိုင်ငံက အများဆုံးပဲလို့ ကိုရီးယားမီဒီယာတွေအရ သိရပါတယ်။

Ref: Mothership “‘Descendants of The Sun’ theme park faces uncertainty due to Song-Song divorce”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top