တန်ဖိုး ၃၁၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမယ့် Oppo F5 Youth

DSC03712.jpg

ဒီကနေ့ ရန်ကုန်မြို့ရှိ Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲမှာ Oppo ဟာ သူ့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Smart Phone ဖြစ်တဲ့ Oppo F5 Youth စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

Oppo F5 Youth စမတ်ဖုန်းမှာ အဓိက ထူးခြားချက်အနေနဲ့  ရှေ့ Camera မှာ AI Beauty Recognition နည်းပညာ ပါဝင်လာပြီး ၆ လက်မအရွယ်အစားရှိတဲ့ Full View Display နဲ့ မြန်နှုန်း 2.5 GHz ရှိ Octa-core CPU ၊ 3 GB RAM နဲ့ 32 GB Internal Memory အပြင် Micro SD ကဒ်လည်း ထပ်စိုက် အသုံးပြုနိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။

ကင်မရာပိုင်းအနေနဲ့ ကတော့ AI Beauty နည်းပညာ ပါဝင်တဲ့ 16 MP ရှိ ရှေ့ ကင်မရာ တပ်ဆင်ထားပြီး AI ရဲ့ အကူအညီနဲ့ Selfie ရိုက်သူရဲ့ အသက်၊ အသားအရည်၊ ကျားမ စတာတွေကို ခွဲခြားပေးမှာ ဖြစ်ပြီး စစ်မှန်ပြီးလှပတဲ့ Selfie များကိုရိုက်ကူးစေနိုင်မှာပါ။ နောက်ကင်မရာကတော့ 13 MP တပ်ဆက်ထားတဲ့ Ultra HD ကင်မရာ အမျိုးအစား ဖြစ်ပါတယ်။

ဒီဖုန်းမှာ သာမန်တွေ့နေရတဲ့ လက်ဗွေ လုံခြုံရေးစနစ်အပြင် နောက်ပိုင်းဖုန်းတွေမှာ ပါဝင်လာတဲ့ Face Unlock နည်းပညာကို တပ်ဆင်ပေးထားပြီး Operating System အနေနဲ့ Android 7.1 ကို အခြေခံထားတဲ့ Color OS 3.2 ကို အသုံးပြုထားပြီး ဘတ်ထရီကတော့ 3200 mAh အမျိုး အစားဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ ရွှေရောင်နဲ့ အနက်ရောင် နှစ်မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းက ၃၁၉,၀၀၀ ကျပ်ဖြစ်ကာ မြန်မာနိုင်ငံမှာတော့ ဒီလ ၂၅ ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top