Samsung Galaxy A04 စမတ်ဖုန်းသစ်အား ဈေးကွက်တွင်း စတင်ဝယ်ယူနိုင်

8-11-2022yyl25.jpg

Samsung Myanmar က ၎င်း၏ လူကြိုက်များလှသော Galaxy A Series စမတ်ဖုန်းအမျိုးအစားများအနက် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးဖြစ်သည့် Galaxy A04 စမတ်ဖုန်းအား အောက်တိုဘာလ ၂၈ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံဈေးကွက်တွင် ရောင်းချနေပြီဖြစ်သည်။ခေတ်မီလှပသောဒီဇိုင်းဖြင့် ဖန်တီးထားသည့် Galaxy A04 စမတ်ဖုန်းတွင် 50 MP high-res ကင်မရာနှင့် portrait mode ပါဝင်သောကြောင့် ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရသည်ကို နှစ်သက်သော အမျိုးသမီးငယ်များအတွက် အသင့်တော်ဆုံး ဖုန်းအမျိုးအစားတစ်လုံး ဖြစ်သည်။

ကြီးမားကျယ်ပြန့်သော ၆.၅ လက်မရှိ infinity-V မျက်နှာပြင်က မြင်ကွင်းပြည့် ကြည့်ရှုမှုအတွေ့အကြုံကို ခံစားနိုင်စေပြီး တစ်နေ့တာလုံး လုံလောက်စွာသုံးစွဲနိုင်မည့် 5,000 mAh ဘက်ထရီကိုလည်း 15W Adaptive Fast Charging အားသွင်းစနစ်ဖြင့် လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။ Octa Core (8xA53 2.3 GHz) processor ကို အသုံးပြုထားခြင်းကြောင့် Galaxy A04 စမတ်ဖုန်းသည် လျင်မြန်ချောမွေ့စွာ လည်ပတ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Galaxy A04 အကြောင်းကို အောက်ပါဗီဒီယိုလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

“မျက်မှောက်ခေတ်မှာ ဖက်ရှင်က နေ့စဉ်ဘဝရဲ့ အခရာကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အလျောက် လူတိုင်းက ခေတ်ရေစီးကြောင်းအလိုက် စတိုင်လ်ကျတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းပုံစံ၊ အရောင်အသွေးနဲ့ အသုံးပြုသူတို့ လိုအပ်ချိန်တိုင်းမှာ အတူရှိနေပြီး လုပ်ငန်းခွင်မှာရော ကိုယ်ပိုင်အချိန်တွေမှာပါ အကောင်းဆုံးအထောက်အကူပေးနိုင်မယ့် Galaxy A04 စမတ်ဖုန်းကို ဝမ်းမြောက်စွာနဲ့ မိတ်ဆက်လိုက်ရပါတယ်” ဟု Samsung Myanmar ၏ Head of MX Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က မှတ်ချက်ပြုခဲ့သည်။

အနက်ရောင်၊ copper ရောင် နှင့် အစိမ်းရောင် စသည့် နှစ်လိုဖွယ်အရောင်များဖြင့် ထုတ်လုပ်ထားသည့် Galaxy A04 စမတ်ဖုန်း 3+32 GB အမျိုးအစားအား ၃၉၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 4+64 GB အမျိုးအစားအား ၄၅၅,၀၀၀ ကျပ် ဖြင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စတင်ရောင်းချနေပြီဖြစ်သည်။

အစောဆုံး ဝယ်ယူအားပေးကြသူများအား phone cover နှင့် earphone များကို ပစ္စည်းလက်ကျန်ရှိသေးသည်ထိ မေတ္တာလက်ဆောင် ပေးအပ်သွားမည့်အပြင် နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၃) ရက်နေ့အတွင်းဝယ်ယူပါက ငွေသားလက်ဆောင် ၃၀,၀၀၀ ကျပ်ကိုပါ ထည့်သွင်းပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Galaxy A04 စမတ်ဖုန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung ချစ်သူတိုင်း ပါဝင်ကာ ဆုလက်ဆောင်များ ကံထူးနိုင်မည့် အစီအစဉ်များကိုလည်း လုပ်ဆောင်သွားရန် Samsung Myanmar က ရည်ရွယ်ကြိုးပမ်းလျက်ရှိသည်။

Galaxy A04 စမတ်ဖုန်းအကြောင်းနှင့် Samsung Myanmar က ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များအကြောင်း အသေးစိတ်အချက်အလက်များကို Samsung Myanmar ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာတွင်လည်းကောင်း၊ https://www.samsung.com/mm တွင်လည်းကောင်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top