တစ်ကျော့ပြန် အဆင်ပြေနေကြတဲ့ ဆီလီနာ ဂိုးမက်ဇ်နဲ့ ဂျက်စတင် ဘီဘာတို့ စုံတွဲ

Justin-Bieber-e-Selena-Gomez.jpg

လတ်တလော ပေါ်ထွက်လာတဲ့ သူတို့နှစ်ဦးရဲ့ စုံတွဲ ဓာတ်ပုံတွေ အရ ဆီလီနာနဲ့ ဘီဘာတို့ နှစ်ဦး ပြန်လည် အဆင်ပြေနေကြပြီ ဆိုပြီး ပြောဆိုနေကြပါတယ်။

ပျော်ပျော်ရွှင်ရွှင် စက်ဘီးစီးနေတဲ့ ပုံရိပ်တွေ အပြင် ပရိတ်သတ်တွေ ရိုက်ယူထားလိုက်တဲ့ ရေကန်ဘေးက သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံတွေကြောင့် သူတို့ အဆင်ပြေ နေကြတာကို တွေ့မြင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒီ အကြောင်းတွေ ကို သူတို့နှစ်ဦး အနေနဲ့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြင်တွေ့ရတဲ့ ပုံရိပ်ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျက်စတင် ဘီဘာ စီးနေကျ အဖြူရောင် Mercedes-Benz SUV ကားကို လော့စ်အင်ဂျလိစ်မှာ ရှိတဲ့ ဆီလီနာရဲ့ အိမ်မှာ ရပ်ထားတာကို ဓာတ်ပုံရိုက်ယူထားတဲ့ ဓာတ်ပုံ ပဲ ဖြစ်ပါတယ်။ အဲ့ဒီကားက ဘီဘာ အများဆုံး စီးနေကျ ကားဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့နှစ်ဦးက ၂၀၁၀ ခုနှစ်လောက်ကတည်းက ချစ်သူတွေဖြစ်နေကြတယ်လို့ ဆိုပေမယ့် တရားဝင် ကြေညာ အသိပေးခဲ့တာကတော့ ၂၀၁၁ ဇန်နဝါရီလက ဖြစ်ပါတယ်။ အခုလို သူတို့ ပြန်လည် အဆင်ပြေနေတဲ့အပေါ် သူတို့ရဲ့ ပရိတ်သတ်တွေကြား ဝေဖန်မှုတွေ အများအပြား ရှိနေခဲ့တာလည်း တွေ့ရပါတယ်။

ReF; Daily Mail

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top