လူသားတွေတောင် လိုက်မမီသော တောင်တက် ကျွမ်းသည့် တောင်ဆိတ်များ

taungseik01.jpg

လူသားများဟာ ကိရိယာ တန်ဆာပလာအစုံပါရင် ကမ္ဘာ့အမြင့်ဆုံးတောင်တွေတောင် တက်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ တောင်ဆိတ်တွေကတော့ ၆၀ ဒီဂရီ မတ်စောက်တဲ့ တောင်ဖြစ်နေရင်တောင် ခြေထောက်တင်စရာ အထစ်ရှိရင် အပေါ်ထိ ရောက်အောင် တက်နိုင်ကြ ပါတယ်။

တောင်ဆိတ်ရဲ့ ထူးခြားချက်က မြေပြန့်မှာ နေထိုင်ကျက်စားရတာကို မကြိုက်ပဲ တောင်ပေါ် တက်နေရသည်ကို မွေ့လျော်တဲ့ သတ္တဝါများ ဖြစ်ပါတယ်။ တော်ပေါ် တက်တဲ့အခါ ဒဏ်ရာ အနာတရများစွာ ရရှိပေမယ့် သူတို့ရဲ့ ထူးခြားချက်က ပြန်လည် အသက်သာ မြန်ခြင်း ဖြစ်ပါတယ်။ တော်ရုံအနာတွေဆိုရင် သူတို့ရဲ့ လျှာဖြင့် လျက်လိုက်ရုံနဲ့ကို ပျောက်ပါတယ်။ အရိုးကျိုးရင်လည်း ပြန်သက်သာ ပါတယ်။ တောင်ဆိတ်ရဲ့ လျှာဟာဆိုရင် အနာပျောက်ရန် အင်မတန် ဆေးဖက်ဝင်တာကြောင့် ဈေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ဆိတ်တွေကို ဥရောပ၊ သြစတေးလျ၊ အာဖရိက တိုက် တို့မှာ အဓိက မြင်တွေ့ရပါတယ်။ အအေးပိုင်းမှာဆိုရင် အရေခွံံပေါ် အမွေးဖြူ ပေါက်တဲ့ တောင်ဆိတ်မျိုး ဖြစ်ပြီး အပူပိုင်းမှာတော့ အညိုရောင်အမွှေးများ ရှိတဲ့ တောင်ဆိတ်များ ပေါက်ဖွား ပါတယ်။

တောင်ဆိတ်မိခင်တွေဟာ သူတို့ရဲ့ အကောင်ပေါက်များကို လမ်းစလျှောက်တတ်တဲ့ အရွယ်ကနေ စလို့ တောင်တက်ခြင်း အတတ်ပညာကို သင်ကြားပေးပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top