ဒေါ်လာ ၁ သန်းဆုပေါက်ပြီးနောက် အလုပ်ကနေ အငြိမ်းစားယူတော့မယ်ဆိုတဲ့ ထီကံထူးရှင်

24.11.23-yyl-1.jpg

ရှီကာဂိုမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ခဲခြစ်ထီကံစမ်းပြီး ဒေါ်လာ ၁ သန်းဆုပေါက်ခဲ့ပါတယ်။ ထီပေါက်မှန်းသိတာနဲ့ အလုပ်ကနေ အငြိမ်းစားယူတော့မှာဖြစ်ပါတယ်။ မစ္စတာ အမ်လို့ပဲ သိရတဲ့ အသက် ၆၈ နှစ်အရွယ် စက်ပြင်ဆရာက Harlem Food and Liquors ကနေ ဒေါ်လာ ၁၀ တန်ပေါက်မဲထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။

ထီလက်မှတ်ကို ဝယ်ယူတဲ့အချိန် ထီလက်မှတ်ကို မြင်တာနဲ့ ခံစားချက်ကောင်းခဲ့တယ်လို့ မစ္စတာအမ်က ဆိုပါတယ်။ Harlem Food and Liquors မှာ အလုပ်လုပ်တဲ့ ကော်ရှစ် ပတ်တယ်ဆိုသူက မစ္စတာအမ်ဟာ စတိုးဆိုင်ရဲ့အားပေးနေကျဖောက်သည်ဖြစ်ပြီး ပေါက်မဲထီလက်မှတ်ကို ဝယ်ယူခဲ့တယ်။ နောက်တစ်နေ့ ပြန်လာခဲ့ပြီး ဒေါ်လာ ၁ သန်းပေါက်ကြောင်း ပြောခဲ့တယ်။ သူ အရမ်းပျော်ရွှင်ပြီး ပြုံးနေခဲ့တယ်”လို့ပြောပါတယ်။

ထီပေါက်ပြီးပြီးချင်းမှာ မစ္စတာအမ်က အလုပ်ကနေ အငြိမ်းစားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ “ကျွန်တော် နောက်နှစ် အငြိမ်းစားယူတော့မယ်။ ဒါပေမဲ့ အခုတောင် မစောင့်နိုင်တော့ဘူး။ ကျွန်တော့်မိသားစုအတွက် တကယ်အရေးကြီးတဲ့အရာပေါ်အာရုံစိုက်ဖို့ အချိန်ရောက်ပြီ”လို့ မစ္စတာအမ်က ဆိုပါတယ်။
မစ္စတာအမ်က စောစောအငြိမ်းစားယူတာအပြင် သူ့ကလေးတွေနဲ့ အနီးကပ်နေနိုင်ဖို့အတွက် ကွန်ဒိုတစ်လုံးဝယ်ယူဖို့နဲ့ သူ့သမီးကို ကူညီဖို့အတွက် သူ့ရဲ့ကားကို ထရပ်ကားနဲ့ လဲလှယ်ဖို့ သူ့ရဲ့ဆုငွေတွေကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။

Harlem Food and Liquors ကလည်း မစ္စတာအမ်ကို ပေါက်မဲထီလက်မှတ်ရောင်းချခဲ့တဲ့အတွက် ဘောနပ် ဒေါ်လာ ၁၀၀၀၀ ရရှိသွားခဲ့ပါတယ်။

Ref: $1M Scratch-Off Lottery Winner Retires Immediately: ‘I Don’t Have to Wait!’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top