လပေါင်းများစွာဆေးရုံတက်နေရတဲ့ ဖခင်က ကျောင်းဘတ်စကတ်ဘောပြိုင်နေတဲ့ သမီးဖြစ်သူကို Surprise လာလုပ်ခဲ့

31.1.24-yyl-2.jpg

မနှစ်ကတည်းက ဆေးရုံတက်နေခဲ့ရတဲ့ ဖခင်တစ်ဦးက ကျောင်းမှာ ရှိနေတဲ့ သူ့သမီးဖြစ်သူကို အံ့အားသင့်အောင်လုပ်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။ ရန်ဒီ နက်တ်အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ သူ့ရဲ့ကျန်းမာရေးပြဿနာအမျိုးမျိုးနဲ့ ဆေးရုံတက်နေရတာကြောင့် သမီးဖြစ်သူ အက်နာရဲ့ဘတ်စကက်ဘောဂိမ်းပြိုင်ပွဲကို ကြည့်ဖို့ တစ်ရာသီလုံး လွှတ်သွားခဲ့ရပါတယ်။

ရန်ဒီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်ကတည်းက လေဖြတ်သွားတာကြောင့် ဆေးရုံတက်ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက သူနဲ့သူ့သူငယ်ချင်းတွေက ကျောင်းဘတ်စကတ်ဘောဂိမ်းအတွင်း အက်နာဆီ သွားရောက်ပြီးတော့ Surprise တိုက်ဖို့ အစီအစဉ်ဆွဲခဲ့တာပါ။ အဲဒီတုန်းက သူ့အစီအစဉ်မပြီးမြောက်ခဲ့ပေမဲ့ အခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ သမီးဖြစ်သူကို Surprise လုပ်နိုင်ခဲ့ပါတယ်။

ရန်ဒီက ဆီးချိုရောဂါရှိတဲ့အတွက် ညာဖက်ခြေထောက်ကို ဖြတ်ခဲ့ရပါတယ်။ သမီးဖြစ်သူကို Surprise လုပ်တဲ့နေ့အပြီး ၂ ပတ်အကြာမှာ ဘယ်ဖက်ခြေထောက်ကို ဖြတ်‌တောက်ခဲ့ရပါတယ်။ အခုလိုခွဲစိတ်မှုလုပ်ရမှာကိုတောင် သမီးဖြစ်သူကို Surprise လုပ်မယ့်အစီအစဉ်ကို ရန်ဒီက လက်မလျော့ခဲ့ပါဘူး။
ကျောင်းဘတ်စကက်ဘောပြိုင်ပွဲကို လာတဲ့ ဖခင်ဖြစ်သူကို အက်နာမြင်တော့ မျက်ရည်ကျကာ ဖခင်ဖြစ်သူကို ပွေ့ဖက်ခဲ့ပါတယ်။ ရန်ဒီက သမီးဖြစ်သူ ဘတ်စကက်ဘောဂိုးသွင်းနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။

Ref: Wisconsin Dad Who Had Been Hospitalized for Months Surprises Daughter at School Basketball Game

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top