“Sharing is Caring”

fbcaringevent.jpg

ရန်ကုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ – စက်တင်ဘာလ (၂၈) ရက်နှင့် (၂၉) ၊ ၂၀၁၉ခုနှစ်:
အမျိုးသမီးထုအတွက် ဆောင်းပါးများ တင်ဆက်လျက်ရှိသော For Her Myanmar မှ ဝန်ကြီးများရုံးနှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်မည့် Sharing is Caring ရန်ပုံငွေဈေးရောင်းပွဲလေးကို ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း(အလယ်ဘလောက်)ရှိ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဈေးဝယ်ထွက်ကာ ရေဘေးသင့်ပြည်သူတွေကို တစ်ဖက်တစ်လှမ်းက ကူညီနိုင်ရန် အတွက် ဖြစ်ပါသည်။ ပွဲလေးမှာ အလှကုန်နဲ့ အစားအသောက်ကုန်ခြောက်ပစ္စည်းများ ရောင်းချမည့်အပြင် ၂၀၁၇ အကယ်ဒမီရွှေကြို အဖွဲ့ဝင်များကလည်း အကျီၤများလာရောက် ရောင်းချကော လှူဒါန်းသွားမည့်အပြင် တခြားသော အနုပညာရှင် အဆိုတော်များမှလည်း မေတ္တာနှင့် လာရောက် ဖျော်ဖြေသွားမည် ဖြစ်ပါသည်။ ရောင်းရငွေအားလုံးမှ ၂၀ရာခိုင်နှုန်းကို ခိုင်နှင်းဝေဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ပြီး ရေဘေးသင့်ပြည်သူများထံ သွားရောက် လှူဒါန်းသွားပါမည်။

အဆိုပါ Sharing is Caring ပွဲမှာ ဈေးရောင်းပွဲအပြင် ကလေးများအတွက် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်နှင့် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းထားပါသည်။ ဂိမ်းအစီအစဉ်မှာ အနိုင်ရရှိတဲ့သူများကိုလည်း ဆုကြေးငွေများ ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ပွဲအကြောင်း အသေးစိတ်သိရှိနိုင်ရန် shorturl.at/fzHKY တွင် သွားရောက် လေ့လာနိုင်ပါသည်။

နေ့ရက် – စက်တင်ဘာလ ၂၈(စနေနေ့) နှင့် ၂၉(တနင်္ဂနွေနေ့)
အချိန် – နံနက် ၁၀နာရီ မှ ညနေ ၅နာရီ အထိ
နေရာ – ဝန်ကြီးများရုံး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top