iPhone အသစ်တွေကို ကြိုတင်မှာယူနိုင်ပြီ

iPhone-11-vs-iPhone-11-Pro-vs-iPhone-11-Pro-Max-1.jpg

Apple က သူတို့ရဲ့ နောက်ဆုံးထုတ် iPhone 11 ၊ iPhone 11 Pro နဲ့ iPhone 11 Pro Max ဆို iPhone အသစ်တွေနဲ့ တခြားဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကယ်လီဖိုးနီးယားပွဲ မှာ မိတ်ဆက်သွားခဲ့ပါပြီ။ မိတ်ဆက်သွားခဲ့တဲ့ iPhone မော်ဒယ်လ်အသစ်တွေကို ဝေဖန်မှုမျိုးစုံရှိလာပေမဲ့လည်း Apple ဖန်တွေကတော့ သည်သည်းလှုပ်ဖြစ်နေကြမြဲပါပဲ။

iPhone မော်ဒယ်လ်အသစ် (၃) မျိုးထဲမှာ ဈေးအသက်သာဆုံးက iPhone 11 ပါ။ ၆.၁ လက်မအရွယ် Liquid Retina display သုံးထားပြီး Black၊ Green၊ Yellow၊ Purple၊ Red၊ White ဆိုတဲ့အရောင် ၆ မျိုးရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့64 GB အတွက် $ 699 ၊ 128 GB အတွက် $ 749 နဲ့ 256 GB အတွက် $ 849 ကျသင့်ပါလိမ့်မယ်။

iPhone 11 Pro မှာ ၅.၈ လက်မအရွယ် XDR Super Retina Display ကိုသုံးထားပြီး iPhone 11 Pro Max က ၆.၅ လက်မအရွယ် XDR Super Retina Display ပါဝင်လာပါတယ်။ အနောက်ဘက်မှာ 12 MP Ultrawide ၊ Wide ၊ Telephoto camera ( ၃ ) လုံးထည့်ပေးထားပြီး high-key mon2ochrome portrait lighting effect ၊ night mode ၊ audio zoom ၊ cinematic video stabilization စတဲ့ Feature တွေလည်းထည့်ပေးထားပါတယ်။ Selife camera ကို 12 MP အထိ အဆင့်မြှင့်ပေးထားတာတွေ့ရပြီး slowmotion video တွေကို 120 fps ထိ ရိုက်လို့ရမှာဖြစ်ပါတယ်။ 18W fast charging adapter တစ်ပါတည်းပါလာမှာပါ။

iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ရဲ့အရောင်တွေက Gold , Space Gray, Silver, Midnight Green ( ၄ ) မျိုးရှိပြီး ဈေးနှုန်းတွေကတော့ iPhone 11 Pro အတွက် 64 GB ( $999 ) ၊ 256 GB ( $1149 ) နဲ့ 512 GB ( $ 1349 ) ရှိပါတယ်။ iPhone 11 Pro Max ရဲ့ ဈေးနှုန်းကတော့ 64 GB ( $1099 ) ၊ 256 GB ( $1249 ) နဲ့ 512 GB ( $ 1449 ) ပါ။

iPhone မော်ဒယ်လ်အသစ် (၃) မျိုးစလုံးကို September (၁၃) ရက်နေ့ကစကာ preorder မှာနိုင်နေပြီဖြစ်ပြီး September (၂၀) ရက်နေ့မှာတော့ အပြီးသတ် ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။

Ref: TheVerge, Unique
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top