YBS ကားတစ်စီးပေါ်မှာ ဦးမောင်နဲ့ ဦးအောင်တို့ ကွမ်းဝါးရင်း မိသားစုအကြောင်းပြောလို့ စကားလက်ဆုံကျနေကြပါတယ်။
ဦးမောင် – မင့်သမီးလေး ဒီနေ့ တက္ကသိုလ်စတက်မှာဆို။
ဦးအောင် – ဟုတ်တယ်ကွ ရန်ကုန်တက္ကသိုလ်မှာတက်ရမှာ။ ကွန်ပျူတာအဆင့်မြင့်မီတယ်လေ။
ဦးမောင် – ဟာ မင့်သမီးက လူတော်ပဲကွ။
အဲဒီနောက် လှည်းတန်းမီးပွိုင့်မှာ ကားပိတ်နေတုန်း ဦးမောင်က ကားပြတင်းပေါက်ဖွင့်ပြီး ကွမ်းတံတွေးထွေးချလိုက်ပါတယ်။ ရေသောက်ပြီး ပလုတ်ကျင်းရင်း နောက်တစ်ခေါက် ထပ်ပြီး ထွေးချလိုက်ပြန်ပါတယ်။
ဦးအောင် – မင်းကလည်းကွာ ကြွပ်ကြွပ်အိတ်ဆောင်ထားပြီး အိတ်ထဲထွေးမှပေါ့။ သူများတွေကို ပေကုန်ဦးမယ်။
ဦးမောင် – အေးပါကွာ နောက်တစ်ခါတော့ ဆောင်ထားပါ့မယ်။
YBS ကားကြီး ဆူးလေမှတ်တိုင်ကိုရောက်တော့ ဦးအောင်ရဲ့မိန်းမဆီက ဖုန်းဝင်လာပါတယ်။
ဦးအောင်မိန်းမ – ရှင့်သမီး ကျောင်းစတက်တဲ့နေ့မှာပဲ ငိုပြီးပြန်လာတယ်။ လမ်းကူးနေတုန်း လူတစ်ယောက် YBS ပေါ်ကနေ ကွမ်းတံတွေး ထွေးချလိုက်တာ သူ့အကျီင်္မှာပေသွားလို့တဲ့… ကျောင်းမတက်တော့ဘဲ အိမ်ပြန်လာတယ်။
ဦးအောင် – ဘယ်နားမှာဖြစ်တာလဲ။
ဦးအောင်မိန်းမ – လှည်းတန်းမှာလမ်းကူးနေတုန်း YBS ပေါ်က ထွေးချလိုက်တာတဲ့။
ဦးအောင်က ဒေါသတကြီးနဲ့ ဦးမောင်ကို တစ်ချက်စိုက်ကြည့်လိုက်ပါတယ်။ အဲဒီနောက်တော့ ကားပေါ်ကဆင်းရင်း လမ်းဘေးမှာပစ်ဖို့ လက်ထဲမှာကိုင်ထားတဲ့ ကွမ်းတံတွေးအိတ်ကြီးနဲ့ ဦးမောင်မျက်နှာတည့်တည့်ကို အားကုန်ထုတ်ပြီး ပစ်ပေါက်လိုက်ပါတော့တယ်။
WC (ရိုးရာလေး)