အလယ်တန်းကျောင်းသူဘဝမှာ ကျောင်းထုတ်ခံခဲ့ရသူက အဲ့ဒီကျောင်းကို ဆရာမအဖြစ် ပြန်လာခဲ့

teacher.jpg

အသက် ၃၂ နှစ်အရွယ် မက်ကလာလန်ဆိုသူဟာ အလယ်တန်းကျောင်းသူဘဝတုန်းက ကျောင်းထုတ်ခံခဲ့ရပေမဲ့ အဲ့ဒီကျောင်းကိုပဲ ဆရာမအဖြစ် ပြန်လာနိုင်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးဆရာမအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

မက်က Lincoln Middle School မှာ ၈ တန်းကျောင်းသူဘဝမှာ အမှတ်မကောင်းတာနဲ့ အပြုအမူဆိုင်ရာပြဿနာတွေကြောင့် ကျောင်းထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် အလယ်တန်းပြီးဖို့အတွက် နောက်ထပ်ကျောင်းကို ပြောင်းတက်ခဲ့ပါတယ်။ ကောလိပ်တတ်တဲ့အချိန်မှာ သမိုင်းမေဂျာကို ယူဖြစ်ခဲ့ပါတယ်။ သူ့အမေက ပညာရေးကို အလေးထားစေချင်ခဲ့တာကြောင့် ပညာရေးဘက်လိုက်စေခဲ့ပါတယ်။ သူ့ရဲ့ဆရာမတွေကလည်း သူ ဘာလုပ်ချင်မှန်းမသိခဲ့တဲ့အချိန်မှာတောင် တိုက်တွန်းပံ့ပိုးအားပေးခဲ့ပါတယ်။

ကျောင်းပြီးတော့ ဆရာ/ဆရာမတွေကို ခေါ်ယူနေတဲ့ အဖွဲ့အစည်း Teach for America ထဲ ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီကနေတဆင့် ၂၀၁၈ ခုနှစ်မှာ Lincoln Middle School မှာ စာသင်ပေးဖို့အတွက် ပြန်လာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ ၆တန်း၊ ၇တန်း၊ ၈တန်းကျောင်းသား/သူတွေကို ကောလိပ်ပြင်ဆင်မှုသင်တန်းနဲ့ အမေရိကန်သမိုင်းတွေကို သင်ကြားပေးခဲ့ပါတယ်။

အဲ့ဒီကျောင်းမှာ ဆရာမလုပ်နေစဉ်အတွင်း 2022 Kansas City Public Schools Teacher of the Year အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ နောက်နှစ်မှာလည်း the Norma Hunt Super Bowl Champion of Education award ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

အခုတော့ မက်က Lincoln College Preparatory Academy မှာ ပထမဆုံးအားကစားဒါရိုက်တာအဖြစ် အထက်တန်းကျောင်းသားတွေကို လမ်းညွှန်ပေးနေပါတယ်။ ကျောင်းသား/သူတွေနဲ့ ဆရာ/ဆရာမတွေကို သူ အကြံပြုထားတာကတော့ ပွင့်လင်းတဲ့စိတ်ထားထားရှိဖို့ပါပဲ။

Ref: Teacher who was once kicked out of school shares advice for students

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top