စာချွန်လွှာ

old-man-with-dirty-hands-writing-a-letter-using-a-PD28KZS.jpg

အခုခေတ် ကလေး တော်တော်များများက အခြား အရပ်ဒေသက မိမိတို့ရဲ့ ချစ်သူ ခင်သူတွေ ပို့လိုက်တဲ့ စာကို ဖတ်ရတဲ့ အရသာကို သိချင်မှ သိပါလိမ့်မယ်။

ရုပ်ရှင်တွေထဲမှာတော့ မြင်ချင်မြင်ဖူး ကြမှာပေါ့။ ယခင်ဖုန်းတွေ မရှိခင် အခါတုန်းက စာအိတ်ထဲ စာလေးတွေ ထည့်ပြီးတော့ မိမိတို့ ပို့ချင်တဲ့ အရပ်ဒေသကို လူကြုံတွေနဲ့ ပို့ရတယ်။ စာကို လက်ခံရရှိတဲ့ သူကလည်း စာတစ်စောင်မှာ ပါတဲ့ ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း စတာကိုတွေ အပြည့်အဝ ခံစားကြရပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသတွေ ဆိုရင် စာတစ်စောင်လာတာနဲ့ တစ်ရွာလုံး ဟိုးေလ တကျော်ကျော် ဖြစ်လို့သွားတာပေါ့။ စာလက်ခံ ရရှိသူကလည်း မိမိ၏ ကျောင်းသွားတက်နေတဲ့ သားက ပိုက်ဆံလိုလို့ ပို့လိုက်လေသလား၊ မိမိ၏ သမီးဖြစ်သူက ကျောင်းမှာ အဆင့် ၁ ရလို့ စာပို့လိုက်သလား။ ဆွေမျိုး တစ်ယောက်ယောက် နာရေးဖြစ်သလားဆိုတဲ့ ဝမ်းနည်းမူ ဝမ်းသာမူ အရသာကို ခံစားရမယ်ဆိုတာ အသေချာပါ။

ခုခေတ် ရောက်တော့ ဒီလို ခံစားမူတွေ အားလုံးနီးပါး ပျောက်သွားပါပြီ။ ဖုန်းဆက်ပြီး ပြောမယ်၊ အင်တာနက်က ပြောမယ် အမျိုးမျိုး ဆက်သွယ်လို့ ရတော့ စာပို့ခြင်းဆိုတဲ့ အရာက ပျောက်ကွယ်လုနီး ပျောက်နေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်အရာတွေ ဘယ်လောက်ကောင်းကောင်း စာရွက်ပေါ် မှာ ရေးပြီး ပို့တဲ့ စာချွန်လွှာကိုတော့ လုံးဝ မမေ့သင့်ဘူးလို့ ထင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top