ရည်မှန်းချက် ပန်းတိုင်ကိုရောက်အောင် တွန်းအားပေးမယ့် နည်းလမ်း (၇) သွယ်

planning-graphic.jpg

တွန်းအား (motivation) ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် လမ်းညွှန်ပေးမယ့်အရာဖြစ်သလို ခက်ခဲတဲ့အချိန်တွေမှာတောင် ဆက်လက်ကြိုးစားနေချင်စိတ်ပေါက်အောင် မောင်းနှင်ပေးမယ့် မမြင်နိုင်တဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။

ဒီအရာဟာ မနက်အိပ်ရာစောစောထစေပြီး ညဘက်တွေမှာ ညဉ့်နက်တဲ့အထိ အလုပ်ပြီးမြောက်အောင် လုပ်စေတဲ့အရာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ တစ်ခုခုမှားနေတယ်လို့ ခံစားရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့ နည်းလမ်းနောက်တစ်မျိုးနဲ့ ကြိုးစားကြည့်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် တွန်းအားပေးမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ရဲ့အောင်မြင်မှုကို ပုံဖော်ပါ

အရင်ဆုံး အောင်မြင်ခဲ့ဖူးတဲ့ ပန်းတိုင်လေးတွေကို စိတ်ထဲပုံဖော်ကြည့်ပါ။ အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းဖြင့် ဘယ်လိုခံစားရပါသလဲ။ ကိုယ့်ရဲ့ခံစားချက်တွေကို အာရုံစိုက်ကြည့်ပြီး ဆက်လက်လုပ်ဆောင်မယ့်အရာတွေကို ရေးချပါ။ ဒါမှသာ ကိုယ့်အတွက် တွန်းအားတစ်ခုလိုအပ်တဲ့ အချိန်တွေမှာ အချိန်မရွေး ပြန်ကြည့်လို့ရအောင်ပါ။

လုပ်ရမယ့်အလုပ်ကို အစီအစဉ်ဆွဲပါ

ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းရာမှာ အလုပ်အများကြီးလုပ်ဖို့လိုအပ်သလို တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အစီအစဉ်ဆွဲဖို့ လိုအပ်ပါတယ်။ အလုပ်တွေကို အပိုင်းလေးတွေခွဲပြီး ကိုယ်လိုအပ်တဲ့အပေါ်မူတည်ပြီး အစီအစဉ်ဆွဲခြင်းက ဆက်လက်လုပ်ဆောင်နိုင်ဖို့ တွန်းအားတစ်ခုလို ဖြစ်စေနိုင်မှာပါ။

အမှားလုပ်မိတာတွေကို လက်ခံပါ

ကိုယ့်ရဲ့ပန်းတိုင်ဆီကို လျှောက်တဲ့လမ်းဟာ အမြဲတမ်းတော့ မချောမွေ့နိုင်ပါဘူး။ တစ်ခါတစ်လေ မရည်ရွယ်ဘဲ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒါပေမယ့် ဒီအမှားတွေကနေ သင်ယူနိုင်ပါတယ်။ အဲ့ဒီအစား ဒီအမှားတွေက စိတ်ပျက်အားလျော့အောင်လုပ်တာ မခံပါနဲ့။ ပန်းတိုင်ဆီရောက်အောင်သွားလို့ရတဲ့ အခွင့်အလမ်းအသစ်တွေ အများကြီးပါ။ ကိုယ်ကြိုးစားနေဖို့ပဲ လိုပါတယ်။

ရည်မှန်းချက် အသေးစားလေးတွေကိုလည်း အာရုံစိုက်ပါ

ရည်မှန်းချက် အသေးစားလေးတွေဟာ လုပ်ဆောင်ရလွယ်တဲ့ ခြေလှမ်းလေးတွေ ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး မဖြစ်နိုင်ဘူးထင်ရတဲ့ ကိုယ့်ရဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါတယ်။ ရည်မှန်းချက် အကြီးကြီးကို အပိုင်းလေးတွေ ခွဲလုပ်ခြင်းဖြင့် အောင်မြင်မှု နည်းနည်းစီရလာတဲ့အခါ တွန်းအားဖြစ်ပြီး အရှေ့ကို ဆက်လှမ်းဖို့ အားအင်တွေရလာမှာပါ။

အဆိုးမြင်အတွေးတွေကို မောင်းထုတ်ပြီး အကောင်းမြင်စိတ်နဲ့ အစားထိုးပါ

ဒါဟာ ရည်မှန်းချက်ဆီ အရောက်လှမ်းတဲ့နေရာမှာ အလွန်အရေးကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နေ့တိုင်း အကောင်းမြင်တတ်ဖို့ တွေးပါ။ ကိုယ့်ရဲ့အတွေးတွေကို လေ့လာသုံးသပ်ပြီး ကိုယ့်ကိုယ့်ကိုယ် အဆိုးမြင်တတ်တဲ့အတွေးတွေကို မှတ်သားပါ။ အဆိုးမြင်စိတ် တစ်ခုခြင်းကို တဖြည်းဖြည်းဖယ်ထုတ်လိုက်ပါ။ “ငါ မလုပ်နိုင်ဘူး” အစား “ငါ လုပ်နိုင်တယ်” လို့ ပြောင်းတွေးကြည့်ပါ။

ဘယ်တော့မှ လက်မလျော့ပါနှင့်

ပန်းတိုင်ကို ရောက်ဖို့လိုသေးတဲ့အခါ ရှေ့ဆက်ဖို့ခက်ခဲချင်ခက်ခဲနေမယ်။ ဒါပေမယ့် လက်မလျော့လိုက်ပါနဲ့။ နည်းနည်းလောက် ဆက်သွားလိုက်ပါဦး။ ပိုခက်ခဲလေ ပိုအားထုတ်ရလေ အကန့်အသတ်တွေကို ကျော်လွန်နိုင်ပြီး ပန်းတိုင်နဲ့ပိုနီးလာလေပါပဲ။ ဘယ်တော့မှ အရှုံးမပေးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ပြီးရင်ပန်းတိုင်ကို ရောက်အောင်သွားပါ။

ကိုယ့်ရဲ့ ပျော်ရွင်မှုကို ရှာဖွေပါ

အောင်မြင်မှုဆီသွားတဲ့လမ်းကို သာသာယာယာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းပါ။ ပန်းတိုင်ဆီ အရောက်လျှောက်လှမ်းတဲ့အခါ baby step လို့ ခေါ်တဲ့ ရည်ရွယ်ချက် အသေးစားလေးတစ်ခု အောင်မြင်တိုင်း ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ။ တစ်ခုခု ဆုချလိုက်ပါ။

Ref: classycarerrgirl Motivation: 7 ways to stay Motivated Towards your Goal

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top