မွေးကင်းစကလေးတွေအတွက်အသုံးပြုနိုင်တဲ့ Baby Box မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ (၁၁) ရက်နေ့မှာ ရန်ကုန်မြို့ Sule Shangri-La Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Baby Box ဟာ သတင်းဂျာနယ်၊ ဒစ်ဂျစ်တယ်နဲ့ တခြားသော မီဒီယာမဟာဗျူဟာတွေကို အခြေခံ တီထွင်ဆန်းသစ်ထားပြီး ကုန်အမှတ်တံဆိပ်တွေနဲ့ မိသားစုတွေရဲ့အဓိကစိတ်ဝင်စားမှုတွေကို ချိတ်ဆက်ပေးမယ့် နည်းလမ်းသစ်တစ်ခုပါ။

ကုန်အမှတ်တံဆိပ်တွေနဲ့ မိသားစုတွေရဲ့အဓိကစိတ်ဝင်စားမှုတွေကို ချိတ်ဆက်ပေးမယ့် နည်းလမ်းသစ်ဖြစ်
ဇွန်လကနေစတင်ပြီး တစ်လကို ပျမ်းမျ Baby Box ဗူးရေ (၂၀၀၀၀) ခန့်ကို မြန်မာနိုင်ငံတစ်ဝန်းက အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေနဲ့ သားဖွားဆောင်တွေကတစ်ဆင့် မွေးလူနာတွေဆီ အခမဲ့ဖြန့်ဝေသွားဖို့ စီစဉ်လျက်ရှိပါတယ်။ ဖြန့်ဝေမယ့်ဒေသတွေကတော့ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး(တောင်ပိုင်း) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပါတယ်။


Happy Agency ၏ CEO ဖြစ်သူ Mr.Charles Patrick Rowan
မွေးကင်းစကလေးငယ်တွေအတွက် Diaper၊ ဆပ်ပြာ၊ Skincare စတဲ့ထုတ်ကုန်ပစ္စည်းတွေ၊ မိခင်နဲ့ မိသားစုတစ်ခုလုံးစားသုံးနိုင်တဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ လျှော့ဈေးကူပွန်တွေကို Baby Box ထဲမှာထည့်သွင်းပြီး အစိုးရ၊ ပုဂ္ဂလိကဆေးရုံတွေက သားဖွားဆောင်တွေမှာရှိကြတဲ့ မိခင်တွေရဲ့လက်ထဲကို တိုက်ရိုက်ပို့ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။
Team (ရိုးရာလေး)

