အမှိုက်‌ဆိုတာ လိုက်ရှာယူရလောက်အောင် အမှိုက်‌လုံးဝကင်းစင်တဲ့‌ကျေးရွာလေး

55910155_696189994147355_4139180027491123200_n.jpg

အဲဒီရွာလေးမှာက အမှိုက်‌ကင်းစင်ရုံတင်မကပါဘူး… အရက်သေစာနဲ့ မူးယစ်‌ဆေးဝါးလည်းကင်းစင်ပါတယ်‌။ (အရက်‌ဘီယာရောင်းချခွင့်မရှိ) အသက်‌ (၁၈) နှစ်‌မပြည့်သေးတဲ့သူကို ကွမ်းယာ၊ ‌ဆေးလိပ်‌ ‌ရောင်းချတာကိုလည်း ခွင့်မပြုထားပါဘူး။ ဒါတင်‌မက‌ ‌ကျေးရွာအတွက်‌ ဝက်‌၊ နွား သတ်‌ခွင့်မပြုထားသလို ရာဇဝတ်‌မှုဆိုတာလည်း မရှိသ‌လောက်‌ကိုနည်းပါးပါတယ်။

တကယ့်ခေါင်းဆောင်ကောင်းတွေရှိတဲ့ရွာတစ်ရွာဖြစ်ရုံသာမက ‌နောက်‌လိုက်‌‌ကောင်းတွေလည်း ရှိနေတဲ့ရွာလို့ ဆိုရမှာပါ။ အံအားသင့်စရာကောင်းတာက အခုလို အမှိုက်‌ကင်းစင်တဲ့ ရွာ‌လေးဖြစ်‌လာဖို့အတွက် ရွာကက‌လေး‌တွေရဲ့အင်‌အားနဲ့ လုပ်‌‌ဆောင်‌ခဲ့ကြတယ်ဆိုတာပါပဲ။

အခုပြောပြတဲ့ရွာလေးကတော့ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်‌အတွင်းက ဆင်‌နက်‌‌ချောင်‌ဆိုတဲ့ရွာလေး ဖြစ်ပါတယ်။

Ref: Sai Lukhay’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top