တုပ်ကွေးဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို သားလျှောခြင်းဖြစ်စေနိုင်သလား

pp1-e1552288554208.jpg

တုပ်ကွေးရောဂါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ သားလျှောခြင်း မဖြစ်နိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။

‘ဒီလေ့လာမှုဟာ အဖျားရှိနေတဲ့အချိန်အတွင်း တိကျတဲ့လေ့လာမှုတစ်ခု ဖြစ်တဲ့အတွက် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကာကွယ်ဆေးထိုးဖို့ ဘေးကင်း၊ မကင်းဆိုတာ သံသယတွေအားလုံး ရှင်းလင်းသင့်ပါတယ်’ လို့ ဒေါက်တာ အက်ဒ်ဝါဒ်ဘီလွန်ဂျီယာ (Edward Belongia) က ပြောပါတယ်။ ‘ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေးထိုးတာဟာ ဘေးကင်းရုံသာမက ကာကွယ်ဆေးထိုးဖို့လည်း လိုအပ်ပါတယ်’ လို့လည်း ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် တုပ်ကွေးပြင်းထန်တာကို သိနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်ကို ရောက်လာတဲ့အခါ ဆေးရုံတင်ကုသရနိုင်ခြေ ပိုများသလို သေဆုံးနိုင်ခြေလည်း ပိုများပါတယ်။ မိခင်ကို ကာကွယ်ဆေးထိုးလိုက်တာဟာ မိခင်ရဲ့ကျန်းမာရေးကို ကာကွယ်နိုင်ရုံသာမက မွေးကင်းစကလေးကို တုပ်ကွေးရောဂါမှလည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတွေကနေ သိရပါတယ်။ မွေးကင်းစကလေးငယ်တွေကို အသက် (၆) လအထိ ကာကွယ်ဆေးမထိုးနိုင်တဲ့အတွက် တုပ်ကွေးရောဂါကာကွယ်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။

အမျိုးသမီး (၁၂၃၆) တွဲအနက် တစ်တွဲစီမှာ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန် (၆) ပတ်မှ (၁၉) ပတ်ကြားမှာ ကိုယ်ဝန်ပျက်ကျဖူးသူဖြစ်ပြီး ကျန်တစ်ဦးမှာ ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။ (၆၂၇) တွဲမှာ အရင်နှစ်က ကာကွယ်ဆေးထိုးဖူးသူတွေ ဖြစ်ပြီး (၆၀၉) တွဲမှာ ကာကွယ်ဆေးမထိုးဖူးသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေအားလုံးဟာ ကိုယ်ဝန် ပထမ (၂၈) ရက်အတွင်း တုပ်ကွေးဖျားနာကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ဝန်ပျက်ကျခြင်း မြင့်တက်လာဖို့ အထောက်အထား မတွေ့ရပါဘူး။ ကိုယ်ဝန်ရှိနေစဉ် တုပ်ကွေးဖျားနာ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်လို့ စိတ်ချရမှုအဆင့် မြင့်တက်လာတယ် လို့ သိရပါတယ်။

Ref: www.edition.cnn.com “Flu shot will not cause a pregnant woman to miscarry, study says”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top